လက်နက်မှုဖြင့် အလိုရှိသူကို ဖော်ထုတ်ဖမ်းဆီး


ဘားအံ မတ် ၂၆

ကရင်ပြည်နယ် ဘားအံမြို့နယ်ရဲတပ်ဖွဲ့ အိန္ဒုနယ်မြေရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်မင်းအောင် ဦးစီး သည် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် မတ် ၂၅ ရက်က ဘားအံမြို့နယ် ဗျက္ခကျေးရွာ အုပ်စု အလယ်ရွာ၌ အိန္ဒုနယ်မြေ ရဲစခန်းက အလိုရှိသော တရားခံပြေး ဟု သတ်မှတ်ထားသူ မန်းနီ(ခ)မြင့်ဦး၊ (၃၇နှစ်)သည် နေအိမ်တွင် ရောက်ရှိနေ ကြောင်း သတင်းရရှိသဖြင့် သွားရောက် ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရမိသည့် မန်းနီမှာ လွန်ခဲ့ သည့် ၂ဝ၁၅ ခုနှစ် မေ ၆ ရက်က အိန္ဒု နယ်မြေရဲစခန်းက တရားမဝင်လက်နက် ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးစဉ် အဖမ်း မခံဘဲ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ¤င်းကိုင်ဆောင်ခဲ့သည့် ယမ်းထောင် တူမီးသေနတ်အား ရှာဖွေတွေ့ရှိ၍ အိန္ဒု နယ်မြေရဲစခန်းမှ အမှုရေးဖွင့်ပြီး တရားစွဲ တင်ပို့ခဲ့ရာက တရားခံပြေးအဖြစ် သတ်မှတ်ခြင်း ခံရသူဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မန်းနီ(ခ)မြင့်ဦးအား ယခင် ကျူးလွန်ခဲ့သည့် ပြစ်မှုဖြင့် တရားစွဲတင်ပို့နိုင်ရန်အတွက် အမှုစစ်ဒုရဲအုပ် သက်ဇင်ဦးက ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ထွန်းထွန်းထွေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လက်နက်မှုဖြင့် အလိုရှိသူကို ဖော်ထုတ်ဖမ်းဆီး လက်နက်မှုဖြင့် အလိုရှိသူကို ဖော်ထုတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 09:30 Rating: 5
Powered by Blogger.