မတ် ၆ ၊ ၂၀၁၇
မတ် ၅ ရက် ညနေ ၆ နာရီခွဲတွင် ရပ်ကွက် ၁ အနီး ချောင်းစပ်၌ လူ ၁ ဦး ဓားဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သတင်းအရ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။
ဓားဒဏ်ရာများဖြင့်သေဆုံးနေသူမှာ ဘူးသီးတောင်မြို့နယ် ဆင်အိုးပြင်ကျေးရွာနေ ဇာမာတူဆိန်း ၃၂နှစ် ဖြစ်ပြီး ရင်ဘတ်ထိုးသွင်းဒဏ်ရာ၊ ဦးခေါင်းနောက်စေ့၊ နောက်ကျော၊ ဝဲနားရွက်၊ ပေါင်နှင့် ညာလက်သူကြွယ် ပြတ်ရှ ဒဏ်ရာများဖြင့်သေဆုံးနေမှုအား တွေ့ရှိခဲ့ရာ တာဝန်ရှိသူများက ဘူးသီးတောင် မြို့နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။
အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ တောင်ဘဇာနယ်မြေရဲစခန်း၌ အမှုဖွင့်စုံစမ်းစစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်းသိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
ဘူးသီးတောင်မြို့နယ်၌ လူ ၁ ဦး ဓားဒဏ်ရာများဖြင့်သေဆုံး
Reviewed by THITHTOOLWIN
on
16:16
Rating:
