![]() |
နာဂဒေသကိုသွားရောက် တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တွေ့ရစဉ်။ Photo: Arr Hay/ Facebook |
ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကို နောက် ၃ ရက်လောက်နေရင် သိရမှာဖြစ်တယ်လို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဥက္ကဌရဲ့ ကိုယ်ရေးအရာရှိ ဦးမောင်ဟန် က ပြောပါတယ်။
"သူတို့က အဲ့ဒီကိုသွားပြီးတော့ ဘာဖြစ်တယ်ဆိုတဲ့ ရောဂါရဲ့ အခြေအနေကို သုံးသပ်မယ်။ ၁ ရက် ၂ ရက်တော့ ကြာဦးမယ်ထင်တယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကို အတိအကျ မပြောနိုင်သေးဘူး။ မပြောနိုင်သေးတဲ့အတွက်ကြောင့် သူတို့ရွာရဲ့အခြေအနေကိုလည်း ကြည့်ဦးမယ်ထင်တယ်။ ၂ ရက် ၃ ရက်ဆိုရင် အသေးစိတ် သိနိုင်ပါတယ်။"
လဟယ်မြို့နယ် တွေးထွေနောက်ကုန်းအုပ်စု လောနောက်ကုန်းကျေးရွာနဲ့ လောနောက် အင်းကျေးရွာမှာ ဖေဖော်ဝါ ရီလ နဲ့ မတ်လဆန်းပိုင်းအထိ အပြင်း အထန် ချောင်းဆိုးမှုကြောင့် လူ ၁၄ ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဖြစ်ပွားနေတာကို မတ်လ ၂ရက်နေ့ကမှ ဒေသတာဝန်ရှိသူတွေ သတင်းရရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ အများစုဟာ သက်ကြီးရွယ်အိုတွေဖြစ်ပြီး အသက် ၂ နှစ်ကျော်အရွယ် ကလေးတစ်ဦးပါဝင်တယ်လို့ သိရပါတယ်။
အဲ့ဒီကျေးရွာနှစ်ရွာမှာ လူဦးရေစုစုပေါင်း ၉၀၀ ကျော်ရှိပြီး လဟယ်မြို့နယ်ကနေ မိုင် ၅၀ ခန့် ကွာဝေးတဲ့ရွာတွေဖြစ် ပါတယ်။
RFA Burmese
http://www.rfa.org/burmese
အပြင်းအထန်ချောင်းဆိုးမှုကြောင့် လူ ၁၄ ဦး သေဆုံးမှု ရောဂါ ဇစ်မြစ်ကို စစ်ဆေးနေ
Reviewed by THITHTOOLWIN
on
18:49
Rating:
