မင်္ဂလာဈေးမီးပွိုင့်အနီးရှိ ကြော်ငြာဆိုင်းဘုတ် ပြုပြင်ရင်း အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား

မင်္ဂလာဈေးမီးပွိုင့်ထောင့် BILLBOARD မှ မီးလုံးတက်လဲလှယ် တပ်ဆင်သူ ဦးသောင်းထွန်း(ဒဂုံဆိပ်ကမ်း) ဓါတ်အားလိုင်းပေါ် ပြုတ်ကျ သေဆုံး။ ဓါတ်ပုံ - ရဲနောင်သိန်း (fb)
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးမီးပွိုင့် အနီးရှိ ကြော်ငြာဆိုင်းဘုတ်က ဆလိုက်မီးတွေ ပြုပြင်ရင်း အမ်ျိုးသားတစ်ဦး ဓာတ်လိုက်ပြီး ပြုတ်ကျသေဆုံးမှု မတ်လ(၁၅)ရက်က ဖြစ်ပွားခဲ့ပါတယ်။

 ဖြစ်စဉ်မှာ အသက်သုံးဆယ်ကျော် အရွယ်ရှိ နေ့စားအလုပ်သမားတစ်ဦးက ဆိုင်းဘုတ်ကမီးလုံးတွေကို ပြုပြင်ရာကနေဓာတ်ကြိုးနဲ့ ထိမိကာဓာတ်လိုက်ပြီး ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ပတ်ဝန်းကျင်က မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောကြားချက်အရသိရပါတယ်။


ဆိုင်းဘုတ်ကို မနက်(၉)နာရီကျော်က စတင်ပြုပြင်ဖို့ အမျိုးသား(၂)ဦးတက်ရောက်ခဲ့တာဖြစ်ပြီး တစ်ဦးကပြုတ်ကျသေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးကပြောပါတယ်။ အဲ့ဒီဖြစ်စဉ်ကြောင့်အနီးနားရှိရပ်ကွက်အချို့မှာမီးပြတ်တောက်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

 ဖြစ်ပွားရာနေရာကိုရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ကတာဝန်ရှိသူတွေ၊ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီကတာဝန်ရှိသူတွေနဲ့မင်္ဂလာတောင်ညွန့်မှရဲစခန်းကတာဝန်ရှိသူတွေလာရောက်စစ်ဆေးခဲ့ကြတာဖြစ်ပြီး ဖြစ်စဉ်ကို မေးမြန်းရာ အသေးစိတ်ဖြေကြားခြင်းမရှိဘဲ စုံစမ်းဆဲလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ သတင်းအသေးစိတ်ကိုပြည်တွင်းသတင်းများမှာ ဆက်လက်တင်ပြသွားပါမယ်။ ဒီသတင်းကို Centarl News Bureaက ယမင်းချိုက ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
မင်္ဂလာဈေးမီးပွိုင့်အနီးရှိ ကြော်ငြာဆိုင်းဘုတ် ပြုပြင်ရင်း အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား  မင်္ဂလာဈေးမီးပွိုင့်အနီးရှိ ကြော်ငြာဆိုင်းဘုတ် ပြုပြင်ရင်း အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 15:44 Rating: 5
Powered by Blogger.