လူလောကြီးမှာနေရတာ စိတ်ကုန်လာလို့ဆိုပြီး တောင်ငူနည်းပညာ တက္ကသိုလ်ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ နည်းပညာတက္ကသိုလ်မှာ မတ်လ ၁၇ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ကျောင်းသားတစ်ဦ ကြိုးဆွဲချ သေဆုံး မှုဖြစ်ပွားခဲ့ပါတယ်။ သေဆုံးတဲ့ကျောင်းသားဟာ အသက်(၁၉)နှစ်အရွယ် တတိယနှစ်နည်းပညာကျောင်းသား တစ်ဦး ဖြစ်ပြီး ပဲနွယ်ကုန်းမြို့  နေသူဖြစ်ပါတယ်။


 မနက်(၆)နာရီဝန်းကျင်က အဆောင်ရှိ ရေချိုးအုတ်ကန်ရဲ့ ထုတ်တန်းမှာ သေဆုံးနေတာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီကျောင်းသားဟာ မသေခင် စာတစ်ဆောင် ရေးသား ထားခဲ့ရာ စာထဲမှာ တစ်နေ့ထက်တစ်နေ့ လူ့လောကကြီးမှာနေရတာ စိတ်ကုန်လာ လို့ အခုလိုလုပ်ရတာပါလို့ ရေးသားထားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တောင်ငူ မြို့သစ် ရဲစခန်းက သေမှု သေခင်းနဲ့အမှုဖွင့် ထားပါတယ်။

သတင်းထောက်-ကျော်သူဝင်း(တောင်ငူ)
5 Plus News
https://www.facebook.com/5plusnews
လူလောကြီးမှာနေရတာ စိတ်ကုန်လာလို့ဆိုပြီး တောင်ငူနည်းပညာ တက္ကသိုလ်ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး လူလောကြီးမှာနေရတာ စိတ်ကုန်လာလို့ဆိုပြီး တောင်ငူနည်းပညာ တက္ကသိုလ်ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 15:20 Rating: 5
Powered by Blogger.