မိုးကြိုးပြင် ပစ်ခတ်မှု အရေးယူဖို့ အစိုးရကို AI တောင်းဆို

( လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒပြနေကြတဲ့ ဒေသခံတွေကို မေလ ၆ ရက်နေ့က တွေ့ရစဉ် ) Photo: Phoe La Min
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာမှာ မတ်လ ၂၄ နေ့က ဆန္ဒပြအရပ်သားတွေကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွဲခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းအရေးယူဖို့ လန်ဒန်မြို့အခြေစိုက် AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာအစိုးရကို မနေ့ကေ တာင်းဆိုလိုက်ပါတယ်။

အဲဒီ ကြေညာချက်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်တဲ့အတွက် ရွာသား ၁ဝ ဦး အနည်းဆုံး ဒဏ်ရာရခဲ့ကြောင်းနဲ့ မိမိတို့ ရရှိခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေအရ ဆန္ဒပြအရပ်သားတွေဟာ အဲဒီအချိန်က လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အသက်ကို ရန်ရှာတိုက်ခိုက်နေခဲ့ခြင်း မရှိကြောင်းဖေါ်ပြထားပါတယ်။

နိုင်ငံတကာ ဥပဒေတွေအရ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အခုလိုအခြေအနေမျိုးမှာ အင်အားအသုံးပြု အရေးယူခြင်းမပြုမီ အကြမ်းမဖက်နည်းတွေကို တတ်နိုင်သမျှ အသုံးပြုရာမှာဖြစ်တဲ့အတွက် ဒီကိစ္စကို ဘက်မလိုက်ဘဲ လွတ်လပ်စွာ အမြန်ဆုံးစစ်ဆေး အရေးယူဖို့လိုကြောင်းနဲ့ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်သလို နစ်နာကြေးပေးရမှာဖြစ်ကြောင်း စသဖြင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မိုးကြိုးပြင် ပစ်ခတ်မှု အရေးယူဖို့ အစိုးရကို AI တောင်းဆို  မိုးကြိုးပြင် ပစ်ခတ်မှု အရေးယူဖို့ အစိုးရကို AI တောင်းဆို Reviewed by THITHTOOLWIN on 11:03 Rating: 5
Powered by Blogger.