မြို့တွင်း ညပိုင်းပြေးဆွဲနေတဲ့ YBS ယာဉ်တွေ ည (၁၀) နာရီထိ ပြေးဆွဲမှုမရှိရင် ယာဉ်ပြေးဆွဲခွင့်ပိတ်ပင်မယ်လို့ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ပြော


ရန်ကုန်မြို့တွင်းညပိုင်းပြေးဆွဲနေတဲ့ YBS ယာဉ်တွေ ည(၁၀)နာရီ အထိပြေးဆွဲ မှုမရှိရင် ယာဉ်ပြေးဆွဲခွင့် ပိတ်ပင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က နိုင်ငံပိုင်သတင်းစာ ကိုပြောကြားထားပါတယ်။

 ခရီးသွားပြည်သူတွေအဆင်ပြေစေဖို့ ည(၁၀)နာရီ အထိပြေးဆွဲဖို့ ညွှန်ကြားထားပြီး မလိုက်နာတဲ့ယာဉ်တွေကိုတော့ ပထမအဆင့် အနေနဲ့ ခေါ်ယူသတိပေးမှာဖြစ်တယ်လို့အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ကပြောပါတယ်။ သတိပေးမှုကိုမလိုက်နာတဲ့ယာဉ်တွေကိုတော့ ပြေးဆွဲခွင့်ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ ဒေါက်တာမောင်အောင်ကပြောကြား ထားပါတယ်။

 ယာဉ်လိုင်းနံပါတ် (၃၁) နဲ့ (၃၂)ကိုတာဝန်ယူပြေးဆွဲနေတဲ့ ကုန်းဘောင်ရန်ကုန်အများပိုင်ကုမ္ပဏီကတော့ သန်လျင်ကနေ ဆူးလေ ကိုပြေးဆွဲနေတဲ့ (၃၁)ယာဉ်လိုင်းကို ဆူးလေကနေ ည(၁၀)နာရီ အထိပြေးဆွဲပေးနေတယ်လို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 ရေကြောင်းတက္ကသိုလ်ကိုပြေးဆွဲတဲ့(၃၂)ယာဉ်လိုင်းမှာတော့ ညဘက်လူမရှိတဲ့အတွက်ည(၁၀)နာရီအထိမပြေးဆွဲနိုင်ဘူးလို့လည်း သူကဆိုပါတယ်။

5 Plus News
https://www.facebook.com/5plusnews/
မြို့တွင်း ညပိုင်းပြေးဆွဲနေတဲ့ YBS ယာဉ်တွေ ည (၁၀) နာရီထိ ပြေးဆွဲမှုမရှိရင် ယာဉ်ပြေးဆွဲခွင့်ပိတ်ပင်မယ်လို့ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ပြော မြို့တွင်း ညပိုင်းပြေးဆွဲနေတဲ့ YBS ယာဉ်တွေ ည (၁၀) နာရီထိ ပြေးဆွဲမှုမရှိရင် ယာဉ်ပြေးဆွဲခွင့်ပိတ်ပင်မယ်လို့ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ပြော Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.