![]() |
ဒဂုံ(မြောက်)ပြည်ထောင်စုလမ်းမကြီးပေါ်တွင် YBSယာဉ် မီးလောင် |
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(မြောက်) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အမှတ် (၄၅)ရ ပ်ကွက်နှင့်(၄၆)လမ်းဆုံကြားတွင် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီကYBS (၁၂)မှန်လုံယာဉ်တစ်စီး မီးလောင် ခဲ့ကြောင်း သိရသည်။
အဆိုပါမွန်းလွဲပိုင်းက ဆူးလေ (ဗန္ဓုလပန်းခြံ)-ဒဂုံ(မြောက်)ငါးဆယ် ကွေ့သို့ပြေးဆွဲနေသော YBS(12)YGN/1F4428 မှန်လုံယာဉ်မှာ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဒဂုံ (မြောက်)(၄၅)ရပ်ကွက်နှင့်(၄၆)လမ်းဆုံ ကြားတွင် ယာဉ်၏ခေါင်းခန်းရှိ CNG ဂက်စ်အိုး အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဒဂုံ(မြောက်) မီးသတ် တပ်ဖွဲ့မှ မီးသတ်ယာဉ်သုံးစီး၊ နာရေးကူညီ မှုအသင်း ရန်ကုန်မှရေသယ်ယာဉ်နှစ်စီး နှင့် လူနာတင်ယာဉ်နှစ်စီးတို့ဖြင့် ဒဂုံ (မြောက်) မီးသတ်တပ်ဖွဲ့မှသန္ဓေ ၁၆ ဦး၊ အရန် ၁ဝ ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ ရာ ညနေ ၃ နာရီခွဲတွင် မီးငြိမ်းသွား ခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် ခရီး သည် တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ ဘဲ ခရီးသည် ၃၅ ဦး သေဆုံးသည် ဆိုသောသတင်းမှာ ကောလာဟလ သာ ဖြစ်ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီး ဌာနမှ သိရသည်။
သတင်း၊ ဓာတ်ပုံ
သန်းထိုက်(လှိုင်သာယာ)၊
မျိုးမင်းသိန်း(မရမ်းကုန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဒဂုံ(မြောက်)တွင် YBSယာဉ် CNG ဂက်စ်အိုး ပေါက်ကွဲ မီးလောင်
Reviewed by THITHTOOLWIN
on
10:47
Rating:
