နေပြည်တော် ဖေဖော်ဝါရီ ၂၁
UWSA “ ၀ ”အဖွဲ့၏ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၊ အာလဲဖိုကျေးရွာမှ ဒေသခံပြည်သူများသည် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၆ နာရီခန့်တွင် ၎င်းတို့ပိုင် ထော်လာဂျီဖြင့် နေရပ်စွန့်ခွာ၍ ၀င်းလိတ်ကျေးရွာရှိ ၎င်းတို့၏ဆွေမျိုးများအိမ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ ကြောင်း သိရှိရသည်။
နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာသူများတွင် မိသားစု နှစ်စု၊ လူဦးရေ ခြောက်ဦးပါဝင်ပြီး ၎င်းတို့၏ ပြောကြားချက်အရ UWSA “ ၀ ”အဖွဲ့သည် ကျေးရွာများရှိ အသက်၁၂ နှစ်အထက်ရှိသူများအား စစ်မှုမထမ်း မနေရအမိန့်ထုတ်ပြန်ထားကြောင်းနှင့် ယခုအခါ ၎င်းတို့၏အလှည့်ကျရောက်လာသောကြောင့် မိသားစုများ နှင့်အတူ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
အဆိုပါဒေသခံပြည်သူများအား နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားပြီး ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
UWSA “ ၀ ”အဖွဲ့၏ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများကြောင့် ဒေသခံပြည်သူများနေရပ်စွန့်ခွာ
Reviewed by THITHTOOLWIN
on
18:14
Rating:
