သမ္မတ Trump အပေါ် လူထုထောက်ခံမှု အနိမ့်ဆုံးဖြစ်


လူထုစစ်တမ်းကောက်ယူချက်တွေမှာ အမေရိကန်သမ္မတ Donald Trump ဟာ သမ္မတသက်တမ်း တလအတွင်း ဆောင်ရွက်ပြုမူခဲ့သမျှရဲ့ ပုံရိပ်တွေအရ ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့သမ္မတတွေထဲမှာ လူကြိုက် အနည်းဆုံးဖြစ်နေပြီး အမေရိကန်မဲဆန္ဒရှင်တွေကြား နိုင်ငံရေးဆိုင်ရာ သဘောထား ကွဲလွဲမှုတွေလည်း ဆက်ဖြစ်နေတာပါ။

NBC သတင်းနဲ့ The Wall Street ဂျာနယ်တို့ရဲ့ တနင်္ဂနွေနေ့က ကောက်ယူထားတဲ့ နောက်ဆုံးစစ်တမ်းအရ အမေရိကန်တွေရဲ့ ၄၄ % ထောက်ခံပြီး ၄၈ % က မထောက်ခံပါဘူး။ ဒီစစ်တမ်းရဲ့ သုံးပုံတပုံကတော့ ထရမ့်ရဲ့ အိမ်ဖြူတော်က လှုပ်ရှားဆောင်ရွက်မှုတွေဟာ သူက သမ္မတတာဝန်နဲ့ မလျော်ကန်ဘူးလို့ ဖော်ပြကြပါတယ်။

မကြာခင်က ကောက်ယူထားတဲ့ တခြား စစ်တမ်းနှစ်ခုမှာလည်း အလားတူ ရလဒ်တွေကိုပဲ တွေ့ရပြီး Gallup ရဲ့စစ်တမ်းမှာ ထရမ့်ဟာ သူ့ရဲ့ သီတင်းလေးပတ် သက်တမ်းမှာ ပျှမ်းမျှ ၄၂ % ရကြောင်း ဖော်ပြထားပြီး Quinnipiac တက္ကသိုလ် စစ်တမ်းမှာတော့ ၃၈ % က ထောက်ခံပြီး ၅၅ % က မထောက်ခံပါဘူး။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/
သမ္မတ Trump အပေါ် လူထုထောက်ခံမှု အနိမ့်ဆုံးဖြစ် သမ္မတ Trump အပေါ် လူထုထောက်ခံမှု အနိမ့်ဆုံးဖြစ် Reviewed by THITHTOOLWIN on 10:14 Rating: 5
Powered by Blogger.