မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဖံဖ ကျေးရွာမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်း မဲဆွယ်စည်းရုံးစဉ်။ Photo: Kyaw Lwin Oo/RFA |
လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာထဲက မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဒီနေ့ မဲဆွယ်စည်းရုံးစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်း က NLD ပါတီက ဘာကြောင့် မဲတောင်းရတယ်ဆိုတာကို ပြောခဲ့တာဖြစ်ပါတယ်။
ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်း၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ပြည်နယ်ပါတီ ဥက္ကဌ ဒေါက်တာခင်ဆောင်တို့ ဟောပြောစည်းရုံးခဲ့တာဖြစ် ပါတယ်။
ဒီနေ့ မဲဆွယ်စည်းရုံးရေးမှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က NLD ပါတီဝင်တွေပါဝင်ခဲ့ပြီး ဖံဖ ကျေးရွာမှာ တစ်အိမ်တက်ဆင်း ဆန္ဒမဲပေးပုံ ပေးနည်းပြသတာတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးဝင်းနဲ့ မိတ်ဆက်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အနိုင်ရရှိခဲ့ တဲ့ ဒေါ်ခင်ဌေးကြွယ်ဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှာ တာဝန်ပေးအပ်ခံရတာကြောင့် ကိုယ်စားလှယ်အဖြစ်ကနေ နှုတ်ထွက်ခဲ့ရတဲ့အတွက် လစ်လပ်သွားတာဖြစ်ပါတယ်။
အဲဒီမဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တို့က ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့ NLD ပါတီကို မဲပေးဖို့ ချောင်းဆုံ မြို့နယ်မှာ မဲဆွယ်စည်းရုံး
Reviewed by THITHTOOLWIN
on
20:16
Rating: