အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို KIA က အိမ်တိုင် ရာရောက် တပ်သားသစ် စုဆောင်း


ကာမိုင်းမြို့နယ် ကထန်ယန်ရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီအချိန်က ကေအိုင်ကေရင်း(၆) က အသက်မပြည့်သေးသည့် ရှမ်းတိုင်းရင်းသူတစ်ဦးကို တပ်သားသစ်အတွက် အိမ်တိုင်ရာရောက် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
" ကထန်ရွာက နန်းမြတ်မိုး အသက်က (၁၅) နှစ် အဖနာမည်က ဦးကျန်ထွန်း ၊အမေနာမည်က ဒေါ်ကြိုင်သောင်း ၂၀ရက်နေ့ညက အိမ်ထဲကို တပ်သားစုဆောင်းတာ ၊ အဲ့မှာလည်း လက်မှတ်အတင်းထိုးခိုင်းတယ် ကိုယ့်သဘောနဲ့ကိုဝင်သာပါဆိုပြီး ၊ပြီးတော့ နိုင်ငံတော်ကို သိအောင်တိုင်လို့ရင်လည်း တစ်မိသားစုလုံးသတ်ပြစ်မယ်လို့ ချိန်းခြောက်တယ်၊ သူတို့မိဘတွေကလည်း ကြောက်လို့ကို နေပြီ ဘာမှ မပြောရဲဘူး " ဟု ကာမိုင်းမြို့  ပြည်သူ့စစ်ခေါင်းဆောင် ကိုထူးအောင်ကရှမ်းနီအသံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၀ရက်နေ့ည ၈ နာရီအချိန်တွင် ကေအိုင်အေ ရင်း(၆) မှ တပ်သား ၆ ယောက်မှ အိမ်ထဲထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွးခြင်းဖြစ်ကြောင်း သိရသည်။
" ဒေသခံလူမျိုးခြားတွေကို အိမ်ပေါ်ထိတက်ဖမ်းတယ်၊ ဌာနေလူမျိုးခြားတွေအတွက် လုံခြုံမှုမရှိတော့ဘူး ၊ ပြီးတော့အသက်မစေ့သေးတဲ့သူလည်းဖြစ်တယ်။ အမျိုးသမီးလည်းဖြစ်တာကြောင့် ဒီဖြစ်ရပ်ကို ပြင်းထန်စွာ ရှုံချတယ် " ဟု ရှမ်းနီလူငယ်အဖွဲ့ချုပ် ဒုဥက္ကဌ ဆေကောင်းဆိုင်က ပြောကြားသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားသည့် နန်းမြတ်မိုးကို ပြန်လည်လွတ်မြောက်လာရန်အတွက် ဒေသခံပြည်သူ့စစ်များ ၊ ရပ်မိရပ်ဖများက ကြိုးစားလျက်ရှိနေပြီး ယနေ့တွင်ပြန်လည်လွတ်ပေးမည်ဟု ပြောဆိုထားသည်ဟု ကိုထူးအောင်က ဆက်လက်ပြောကြားသည်။

The Voice of Shan-Ni
အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို KIA က အိမ်တိုင် ရာရောက် တပ်သားသစ် စုဆောင်း  အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို KIA က အိမ်တိုင် ရာရောက် တပ်သားသစ် စုဆောင်း Reviewed by THITHTOOLWIN on 16:21 Rating: 5
Powered by Blogger.