ဆီးရီးယား မြို့တစ်မြို့ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များအား ထပ်မံဖျက်ဆီးရန် IS စစ်သွေးကြွအဖွဲ့ ကြိုးစားနေကြောင်း ရုရှားပြောကြား

IS စစ်သွေးကြွတို့၏ ဖျက်ဆီးခြင်းခံခဲ့ရသောPalmyraမြို့ ရှိ ရှေးဟောင်းအမွေအနှစ်များအားတွေ့ရစဉ် (ဆင်ဟွာ)
    မော်စကို၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

    ဆီးရီးယားနိုင်ငံ ၏ ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည့် Palmyraမြို့တွင် ကျန်ရှိနေသော ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ပစ္စည်းများအား ဖျက်ဆီးရန် IS စစ်သွေးကြွအဖွဲ့ ကြိုးပမ်းနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာန က ဖေဖော်ဝါရီ ၁၃ ရက်တွင်ပြောကြားခဲ့သည်။

Palmyraမြို့တွင် IS စစ်သွေးကြွအဖွဲ့၏ လှုပ်ရှားမှုများ မြင့်တက်လာသည်ကို ရုရှား မောင်းသူမဲ့လေယာဉ်ဖြင့် ထောက်လှမ်းတွေ့ရှိခဲ့ပြီး ယင်းလှုပ်ရှားမှုများသည် IS တို့က ၎င်းတို့ မဆုတ်ခွာခင် ဗိသုကာလက်ရာများအား ထပ်မံဖောက်ခွဲဖျက်ဆီးပစ်ရန် ဖောက်ခွဲရေး ပစ္စည်းများအား သယ်ဆောင်နေခြင်းကို ညွှန်ပြနေကြောင်း သိရသည်။


အကြမ်းဖက်သမားများ သည် Palmyraမြို့အား ၂၀၁၅ခုနှစ်တွင် သိမ်းပိုက်ခဲ့ကတည်းက အဖိုးတန်ယဉ်ကျေးမှု အနုပညာရှေးဟောင်းပစ္စည်းအရေအတွက်များစွာကို ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ရုရှားစစ်လေယာဉ်များ ၏ အထောက်အကူဖြင့် Palmyraမြို့မှ ၂၀ကီလိုမီတာထက်နည်းသော အကွာအဝေးမှ အကြမ်းဖက်သမားများအား တိုက်ခိုက်နေသော ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များသည် မြို့အနီးသို့ ပိုမိုချဉ်းကပ်ကာ တိုက်စစ်ဆင်လာ၍ IS တို့သည် ရှေးဟောင်းပစ္စည်းများအား ထပ်မံဖျက်ဆီးရန် ပြင်ဆင်နေကြကြောင်း သိရသည်။

၂၀၁၆ခုနှစ် မတ်လတွင် ရုရှားဂျက်လေယာဉ်များအား ကျောထောက်နောက်ခံပြုထားသည့် ဆီးရီးယားအစိုးရတပ်များသည် Palmyraမြို့ရှိ IS တို့အား တိုက်ထုတ်ခဲ့သော်လည်း ဒီဇင်ဘာလတွင် Palmyraမြို့အား ISတို့က ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
ဆီးရီးယား မြို့တစ်မြို့ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များအား ထပ်မံဖျက်ဆီးရန် IS စစ်သွေးကြွအဖွဲ့ ကြိုးစားနေကြောင်း ရုရှားပြောကြား ဆီးရီးယား မြို့တစ်မြို့ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များအား ထပ်မံဖျက်ဆီးရန် IS စစ်သွေးကြွအဖွဲ့ ကြိုးစားနေကြောင်း ရုရှားပြောကြား Reviewed by THITHTOOLWIN on 18:02 Rating: 5
Powered by Blogger.