ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် IS စစ်သွေးကြွ ၃၀ဦးအား သုတ်သင်နိုင်ခဲ့ကြောင်း တူရကီစစ်တပ်ပြောကြား

သူပုန်များထိန်းချုပ်ထားသည့် Doumaမြို့တွင် လမ်းလျှောက်နေသည့် ဆီးရီးယားနိုင်ငံသားတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ/AFP)
    အန်ကာရာ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

    ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အယ်-ဘတ်မြို့၌ လွန်ခဲ့သည့် ၂၄နာရီအတွင်း တူရကီစစ်တပ်ကပြုလုပ်ခဲ့သော စစ်ဆင်ရေးများအတွင်း IS စစ်သွေးကြွ စုစုပေါင်း ၃၀ဦး ကို သုတ်သင်နိုင်ခဲ့ကြောင်း တူရကီစစ်တပ်အရာရှိတစ်ဦးက ဇန်နဝါရီ ၃၁ ရက်တွင်ပြောကြားခဲ့သည်။

တူရကီစစ်တပ်သည် အကြမ်းဖက်သမားများ ပိုင်ဆိုင်သော ပစ်မှတ် ၂၀၇ခုကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ကတုတ်ကျင်းများ၊ ခံစစ်နေရာများ၊ ထိန်းချုပ်ရေးစင်တာများ၊ လက်နက်များ နှင့် ယာဉ်များကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ၎င်းက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

၂၀၁၆ခုနှစ် သြဂုတ်လကတည်းက စ၍ တူရကီစစ်တပ်က “Euphrates Shield” အမည်ရှိ စစ်ဆင်ရေး ဖြင့် IS စစ်သွေးကြွအုပ်စုအပြင် ဆီးရီးယားကာ့ဒ်ဒီမိုကရက်တစ်စုပေါင်းပါတီ(PYD) ၏ တပ်ခွဲဖြစ်သည့် ဆီးရီးယားကာ့ဒ်လူမျိုးကာကွယ်ရေးတပ်စု (YPG) တို့ကို တိုက်စစ်ဆင်ခဲ့ရာ ဖောက်ခွဲရေးပစ္စည်းပေါင်း ၃,၅၅၀ ခု နှင့် မိုင်း ၅၅မိုင်းတို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံက (YPG) နှင့် (PYD) တို့သည် မတရားအသင်းဖြစ်သည့် ကာ့ဒ်အလုပ်သမားများပါတီ နှင့် ချိတ်ဆက်မှုများရှိနေ၍ ယင်းအဖွဲ့များအား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် IS စစ်သွေးကြွ ၃၀ဦးအား သုတ်သင်နိုင်ခဲ့ကြောင်း တူရကီစစ်တပ်ပြောကြား ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် IS စစ်သွေးကြွ ၃၀ဦးအား သုတ်သင်နိုင်ခဲ့ကြောင်း တူရကီစစ်တပ်ပြောကြား Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.