ဘက်လိုက်သည်ဟု သတ်မှတ်ကာ HRW အဖွဲ့မှဝန်ထမ်းများအား ပြည်ဝင်ခွင့်မပေးရန် အစ္စရေးအစိုးရဆုံးဖြတ်


ဂျေရုဆလင် ဖေဖော်ဝါရီ ၂၄

အစ္စရေးအစိုးရသည် အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခု ဖြစ်သောHRW အဖွဲ့မှ ဝန်ထမ်းများကို ဘက်လိုက်သည်ဟုသတ်မှတ်ကာ ပြည်ဝင်ခွင့် မပေးရန် ဆုံးဖြတ်ခဲ့ကြောင်း အယ်ဂျာဇီးယား သတင်းဌာနက ဖော်ပြသည်။

HRW အဖွဲ့က အမေရိကန်နိုင်ငံသား ခံယူထားသည့် ၄င်း၏ဝန်ထမ်းတစ်ဦးဖြစ် သော အိုမာရှာကီယာအား အစ္စရေးအစိုးရက ပြည်ဝင်ခွင့်မပေးဟု ဆုံးဖြတ်ခဲ့ကြောင်း၊ အိုမာ ရှာကီယာသည်HRW အဖွဲ့၏ အစ္စရေးနှင့် ပါလက်စတိုင်းဆိုင်ရာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း ဖော်ပြ သည်။

 ထို့အပြင် အစ္စရေးအစိုးရသည်HRW အဖွဲ့၏ အခြားဝန်ထမ်းများကိုလည်း ပြည် ဝင်ခွင့်ပေးရန် ငြင်းဆန်မှုများပြုလုပ်ခဲ့သည် ဆိုသော သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။

 အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကHRW အဖွဲ့သည့် လူ့အခွင့်အရေးနှင့်ဆိုင်သည့် အကြောင်းအရာများကို အမှန်တကယ်စောင့် ကြည့်သည့်အဖွဲ့မဟုတ်ဘဲ အခြေခံကျသည့် ဘက်လိုက်မှုများ ပြုလုပ်နေသည့်အဖွဲ့ဖြစ် ကြောင်း၊ လူ့အခွင့်အရေးဆိုသည့်ခေါင်းစဉ် တပ်ကာ ပါလက်စတိုင်းနှင့်ဆိုင်သည့် နိုင်ငံ ရေးပြဿနာများ တိုးပွားလာစေရန်အားထုတ် ကြိုးပမ်းမှုများ ပြုလုပ်လျက်ရှိသောကြောင့် အဆိုပါအဖွဲ့ဝန်ထမ်းများအား ပြည်ဝင်ခွင့် မပေးရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

The Union Daily
https://www.facebook.com/uniondaily.net/
ဘက်လိုက်သည်ဟု သတ်မှတ်ကာ HRW အဖွဲ့မှဝန်ထမ်းများအား ပြည်ဝင်ခွင့်မပေးရန် အစ္စရေးအစိုးရဆုံးဖြတ် ဘက်လိုက်သည်ဟု သတ်မှတ်ကာ HRW အဖွဲ့မှဝန်ထမ်းများအား ပြည်ဝင်ခွင့်မပေးရန် အစ္စရေးအစိုးရဆုံးဖြတ် Reviewed by THITHTOOLWIN on 17:47 Rating: 5
Powered by Blogger.