![]() |
( အစိုးရကထုတ်လွှင့်နေတဲ့ မေယု FM အသံလွှင့်အစီအစဉ်ကို ရပ်တန့်ပေးဖို့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က မောင်တောမြို့မှာ ဆန္ဒပြတောင်းဆိုစဉ် )Photo: Aung Kyaw Min FB |
နိုင်ငံသားမဖြစ်သေးသူတွေအတွက် အခုလို အစိုးရကလုပ်ပေးတာကို ကန့်ကွက်တာဖြစ်တယ်လို့ ဘူးသီးတောင်မြို့က ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုမောင်ဝင်းနိုင် က အခုလို ပြောပါတယ်။
ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ အစိုးရက မေယု FM အစီအစဉ်ကို ဖေဖေါ်ဝါရီလ ၁ရက်နေ့က စတင်ထုတ်လွှင့်နေတာဖြစ်ပြီး နယ်မြေအကန့်အသတ်နဲ့ လိုအပ်ချက်တွေရ ရခိုင်၊ ဗမာ၊ ဘင်္ဂါလီ ဘာသာစကား ၃ မျိုးနဲ့ ထုတ်လွှင့်နေတာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မေယု FM အစီအစဉ်ကို မြန်မာဘာသာ တမျိုးတည်းနဲ့ထုတ်လွှင့်မှသာ လက်ခံနိုင်မှာဖြစ်တယ်လို့လည်း ကိုမောင်ဝင်းနိုင် က ပြောပါတယ်။
မေယု FM ကို ရပ်ပေးဖို့ ဘူးသီးတောင်၊ တောင်ကုတ်၊ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ် အပါအဝင် မြို့နယ်တချို့မှာ ဆန္ဒပြကြတာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
မေယု FM ရပ်ပေးဖို့ တောင်းဆိုဆန္ဒပြကြ
Reviewed by THITHTOOLWIN
on
16:32
Rating:
