အဏုဇီဝသတ်မှတ်ချက်နဲ့မကိုက်ညီတဲ့ ခွင့်မပြုဆိုးဆေးတွေပါဝင်နေပြီး စားသုံးဖို့မသင့်တဲ့ အစားအသောက် (၁၁)မျိုးကို ကျန်းမာရေးနဲ့အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ စားသုံးဖို့မသင့်တဲ့ အစားအသောက် (၁၁)မျိုးကို ဈေးကွက်တွင်းရောင်းချနေတဲ့အစားအစာတွေနဲ့ ကျောင်းမုန့်ဈေးတန်း တွေကနေ၀ယ်ယူစစ်ဆေးရာကနေတွေ့ရှိခဲ့တာကြောင့်အများပြည်သူ သိရှိစေ ဖို့ထုတ်ပြန်ကြေညာတာလည်းဖြစ်ပါတယ်။
အဲဒီအစားအသောက်တွေ ကတော့ Jelly စာသားပါ ခရမ်းရောင် ၊ ပန်းရောင် နဲ့အနီရောင်အချိုရည်(၃)မျိုး ၊ အမှတ် တံဆိပ်မပါတဲ့ လိမ္မော်ရောင် ၊ ပန်းရောင် ၊ အစိမ်းရောင်အချိုရည်(၃)မျိုး ၊ Cola တံဆိပ်ပါ အနီရောင်အချိုရည် ၊ အမှတ် တံဆိပ်မပါ ဝေဖာလုံး ၊ Fruit Drink Jucie ခရမ်းရောင်အချိုရည် ၊ Pineapple Juice ခရမ်းရောင် အချိုရည်တစ်မျိုးနဲ့ Kitty ရုပ်ပုံပါ လိမ္မော်ရောင်အချိုရည်တစ်မျိုးတို့ ဖြစ်ပါတယ်။
အစားအသောက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူတွေအနေနဲ့ အစားအသောက်တွေမှာ သုံးစွဲခွင့် မပြုတဲ့ဆိုးဆေးတွေကို လုံးဝအသုံးမပြုဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိရင် အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ အရေးယူ သွားမှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - FDA
5 Plus News
https://www.facebook.com/5plusnews
ခွင့်မပြုဆိုးဆေးတွေပါဝင်နေပြီး စားသုံးဖို့မသင့်တဲ့ အစားအသောက်(၁၁)မျိုး FDA ထုတ်ပြန်
Reviewed by THITHTOOLWIN
on
18:15
Rating:
