Great Father Land Construction & Decoration ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ပန်းဆိုးတန်း အလယ် ဘလောက်ရှိ MEI Business Tower ဆောက်လုပ်ရာ၌ စာချုပ်ပါ အချက်အလက်များ ဖောက်ဖျက်မှု၊ မြေရှင် လက်မှတ်အတုများ ရေးထိုးမှုတို့ဖြင့် လသာ တရားရုံးမှ ဖေဖော်ဝါရီ ၂၀ ရက်က အလုပ်နှင့်ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
တရားသူကြီး အမိန့်ချမှတ်ရာတွင် ဦးကျော်မြင့်အား လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်၊ လက်မှတ်အတု ရေးထိုးမှု ပုဒ်မ ၄၆၈ ဖြင့် အလုပ်နှင်ထောင်ဒဏ် ၅ နှစ် ချမှတ်ပြီး ပုဒ်မနှစ်ခုစလုံးအား တစ်ပေါင်းတည်း ကျခံစေပြီး ချုပ်ရက်ခံစားခွင့်ပေးခဲ့သည်။
အဆိုပါအမှုနှင့် ပတ်သက်ပြီး ဦးကျော်မြင့်က “ဒါက တိုင်းတရားရုံးက ဖိအားပေးမှုတွေ ရှိနေပါတယ်” ဟု သတင်းမီဒီယာများ မေးမြန်း စဉ် ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
ဦးကျော်မြင့်သည် ပန်းဆိုးတန်း အလယ်ဘလောက်ရှိ MEI Business Tower ဆောက်လုပ်ရာ၌ မြေရှင်နှင့် သဘောတူညီ ထားသည့်ပုံစံများ ကွဲလွဲခြင်း၊ လက်မှတ်အတုများ ရေးထိုးခြင်း၊ သတ်မှတ်ချိန်အ တွင်း ပြီးစီးအောင် ဆောင်ရွက်ပေး နိုင်ခြင်း မရှိမှုတို့ကြောင့် မြေရှင်က တရားစွဲထားခြင်းဖြစ်ကြောင်း သိရသည်။
MEI Business Tower ဆောက်လုပ်နေသော ပန်းဆိုးတန်း အလယ် ဘလောက် အမှတ် ၁၈၁/ ၁၈၇ မြေကွက်အကျယ် ၁၀ဝ ပေ x ၆ဝ ပေပေါ် တွင် ခေတ်မီ ၁၂ ထပ်ခွဲ၊ ဓာတ်လှေကားပါ အဆောက်အအုံ ဆောက် လုပ်ရန် မြေရှင်နှင့် တရားလိုဖြစ်သူ ဗိုလ်မှူးစိုးမင်းထက်(ငြိမ်း) နှင့်ကုမ္ပဏီတို့ သဘောတူညီမှုရရှိခဲ့ကာ အဆောက် အအုံ ဆောက်လုပ်သည့် အချိန်တွင် မြေရှင်နှင့် သဘောတူညီထားသည့် ပုံစံမဟုတ်ဘဲ ၎င်း စိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ် အတုများဖြင့် စည်ပင်မှ ခွင့်ပြုချက်ရယူ ကာ ဆောက်လုပ်ခဲ့ ခြင်း၊ ၂၀၁၂ ခုနှစ်တွင် လူနေထိုင်ခွင့် ရမည်ဖြစ်သော် လည်း ၂၀၁၄ ခုနှစ်ကုန်ပိုင်းအထိ ပြီးပြတ်မှုမရှိခြင်း စသည်တို့ကြောင့် စက်တင်ဘာလတွင် ကျောက်တံတား ရဲစခန်းတွင် တိုင်ကြား ခဲ့ခြင်း ဖြစ်ကြောင်း သတင်းများအရ သိရသည်။
Great Father Land Construction&Decoration ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အနေဖြင့် ယခု အမိန့်ချမှတ်လိုက်သည့် အမှုအပြင် အခြားသော ဗိုလ်တထောင်၊ ပန်းပဲတန်း စသည့် တရားရုံးများတွင်လည်း အမှုရင်ဆိုင်ရန် ကျန်ရှိသေးကြောင်း သတင်းများအရ သိရသည်။
စိုင်းဟန်
The Ladies News
https://www.facebook.com/News.TheLadies/
Fatherland ဦးကျော်မြင့်အား လသာတရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်ချမှတ်
Reviewed by THITHTOOLWIN
on
18:38
Rating:
