![]() |
Photo - RFA Burmese |
ဦးကျော်မြင့်ကို လသာမြို့နယ်တရားရုံးမှာ ပုဒ်မ(၄၂၀)၊ ပုဒ်မ(၄၆၈)တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ပုဒ်မ(၄၂၀)အတွက် အလုပ်နဲ့ထောင်ဒဏ်(၅)နှစ်၊ ပုဒ်မ(၄၆၈)အတွက် အလုပ်နဲ့ထောင်ဒဏ်(၅)နှစ် ချမှတ်ခဲ့တာဖြစ်ပြီး ပြစ်ဒဏ်တွေကို တစ်ပေါင်းတည်းကျခံစေဖို့ လသာမြို့နယ်တရားသူကြီးဦးလှတိုးက အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
တရားသူကြီးဦးလှတိုးက အမိန့်ကို ဖတ်ကြားရာမှာ ဦးကျော်မြင့်ဟာ ပန်းဆိုးတန်းလမ်းမပေါ်ရှိ အမှတ် (၁၈၁/၁၈၇)မြေကွက်မှာ အခန်းပေးအခန်းယူ စနစ်နဲ့ အဆောက် အဦးဆောက်လုပ်ဖို့အတွက် တရားလိုနဲ့ဇနီးဖြစ်သူမြေရှင်တို့ကို လိမ်လည်လှည့်ဖြားပြီး ဆောင်ရွက်ခဲ့ကြောင်း ပေါ်လွင်တဲ့အတွက် ပုဒ်မ(၄၂၀)နဲ့ငြိစွန်းပြီးမြေရှင်ဖြစ်သူရဲ့လက်မှတ်ကို အဆောက်အဦးပုံစံ စာရွက်မှာလက်မှတ်အတု ရေးထိုးခဲ့ကြောင်း ပေါ်လွင်တဲ့အတွက် ပုဒ်မ(၄၆၈)နဲ့ငြိစွန်းနေတာဖြစ်တယ်လို့ လသာမြို့နယ်တရားသူကြီးက ဖတ်ကြားခဲ့ပါတယ်။
ဦးကျော်မြင့်ကတော့ အခုချမှတ်ခဲ့တဲ့ အမိန့်နဲ့ပတ်သက်ပြီး တိုင်းတရားရုံးရဲ့ဖိအားပေးမှုတွေ ရှိနိုင်တယ်လို့အချုပ်ယာဉ်ပေါ်မတက်မီမှာ မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။
ဦးကျော်မြင့်ဟာ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းပေါ်မှာရှိတဲ့ အမှတ်(၁၈၁/၁၈၇)မြေကွက်မှာ(၄)ခန်းတွဲ (၁၂)တိုက်ကို အခန်းပေး၊ အခန်းယူစနစ်နဲ့(၂)နှစ်အတွင်း ဆောက်လုပ်ဖို့အတွက် တရားလိုဖြစ် သူနဲ့ဇနီးဖြစ်သူ မြေရှင်တို့နဲ့ သဘောတူညီခဲ့ပေမယ့်လည်း သတ်မှတ်ချိန်အတွင်း တည်ဆောက်မှု မပြီးပြတ်တာတွေ၊ နှစ်ဦးနှစ်ဖက်သဘောတူညီထားတဲ့ အဆောက်အဦး ပုံစံ မဟုတ်ဘဲမှားယွင်းနေ တာတွေ၊ အဆောက်အဦးပုံစံပေါ်မှာမြေရှင်ရဲ့လက်မှတ်အတုရေးထိုးထားတာတွေ၊ မြေရှင်ရမယ့် အခန်းကို သတ်မှတ်ချိန်အတွင်း မပေးအပ်နိုင်ဘဲ အခြားသူတွေကို ကြိုတင်ရောင်းချခဲ့တာတွေ၊ အခန်းတစ်ခန်းထဲကိုဝယ်ယူသူ(၂)ဦး(၃)ဦးအထိ လိမ်လည်ရောင်းချခဲ့ပါတယ်။
အဲ့တာတွေကြောင့်Father Landဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့်ကိုမြေရှင်ရဲ့ခင်ပွန်းဖြစ်သူကကျောက်တံတားမြို့မရဲစခန်းမှာ(ပ)၃၆၂/၂၀၁၄၊ပုဒ်မ(၄၂၀)၊(၄၆၈)တို့နဲ့အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်ပြီး(၂၀၁၅)ခုနှစ်မှာအနောက်ပိုင်းခရိုင်တရားရုံးရဲ့အမိန့်နဲ့ လသာမြို့နယ်တရားရုံးမှာအမှုအမှတ်ရာကြီး(၇၃/၂၀၁၅)နဲ့ ပြောင်းလဲစစ်ဆေးခဲ့တာဖြစ်ပါတယ်။
ဦးကျော်မြင့်ကိုတိုက်ခန်းဝယ်ယူထားသူတွေကလည်းတရားစွဲဆိုထားသေးတဲ့အတွက်ကျောက်တံတားမြို့နယ်တရားရုံးနဲ့ဗိုလ်တထောင်မြို့နယ်တရားရုံးတွေမှာဆက်လက်တရားရင်ဆိုင်နေရဦးမှာဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုCentral News Bureau က သီဟစိုးလွင် ပေးပို့တာ ဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
Father Land ဦးကျော်မြင့်ကို လသာတရားရုံးမှ ထောင်ဒဏ်(၁၀)နှစ်ချမှတ်
Reviewed by THITHTOOLWIN
on
10:32
Rating:
