ရန်ကုန် (Myanmar Now)—ဇန်န၀ါရီ ၂၉ ရက် ညနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကလေးငယ်တစ်ဦးကို ပွေ.ချီလျက် ဟိုဒီငေးမောနေသော ဦးကိုနီအား လူသတ်သမားဦးကြည်လင်းက တစ်လှမ်းခြင်းနောက်မှကပ်လိုက်လာပြီး နှစ်စက္ကန့်မျှသာကြာသော အချိန်အတောအတွင်း ဦးကိုနီ၏နောက်စေ့ကို သေနတ်ဖြင့်တေ့ချိန်ပြီး မိမိရရပစ်ချလိုက်သည်။ ကျောပိုးအိတ်လွယ်ထားသော ဦးကိုနီသည် သမံတလင်းပေါ်တွင် နောက်လှန်လဲကျသွားသဖြင့် သူ၏မြေးငယ်မှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာမရခဲ့ခြင်းဖြစ်သည်။
တစ်ချက်တည်းသော သေနတ်သံထွက်ပေါ်ပြီး ဦးကြည်လင်းက သူ၏ညာလက်ကို ဆန့်တန်းလျက် အနေအထားဖြင့် ထွက်ပြေးလေသည်။ အခင်းဖြစ်ပွားရာတွင်ရှိနေသော လူတစ်ချို.ထိတ်လန့်ထွက်ပြေးကြသော်လည်း အမျိုးသားတစ်ဦးက ပုဆိုးပြင်ဝတ်လျက်အနေအထားဖြင့်ပင် လက်ဗလာဖြင့် လူသတ်သမားထံ ထပ်ချပ်မကွာလိုက်သွားခဲ့သည်။
Myanmar Now ကရရှိထားသော ယခုဗွီဒီယိုမှတ်တမ်းမှာ ထိုပစ်ခတ်မှုအား ဖမ်းယူရရှိခဲ့သော လေဆိပ် CCTV မှတ်တမ်းထဲမှ အပိုင်းအစတစ်ခုသာဖြစ်သည်။ လေဆိပ် CCTV မှတ်တမ်းများတွင် သင်္ကာမကင်းဖြစ်ဖွယ်ရာကောင်းသော လူအချို.အား ရဲတပ်ဖွဲ.ကအလိုရှိလျက်ရှိသော်လည်း ၄င်းတို့၏ ဓာတ်ပုံမှတ်တမ်းများအား သက်ဆိုင်ရာအာဏာပိုင်များက ယခုတိုင် လျှို.၀ှက်ထားဆဲဖြစ်ကြောင်း သိရှိရသည်။
ထိုနေ့က လေဆိပ် CCTV မှတ်တမ်းတွင် တွေ.ရသော ဒုဗိုလ်မှုးကြီးဟောင်း အောင်ဝင်းခိုင်သည် ဇန်န၀ါရီ ၃၀ ရက် ညနေတွင် နေပြည်တော်ရှိ ဥပါတသန္တိစေတီအနီးတ၀ိုက် ပျောက်ဆုံးတိမ်းရှောင်သွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဆွေဝင်း/Myanmar Now
https://www.facebook.com/myanmarnownews/

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သည့် CCTV ဗွီဒီယိုမှတ်တမ်း
Reviewed by THITHTOOLWIN
on
22:48
Rating: