မြစ်ကြီးနားမြို့ ဂျပန်တံတား အနီးလူသတ်မှုဖြစ်ပွား


ဖေဖော်ဝါရီ ၂၂

မြစ်ကြီးနားမြို့၊စီတာပူရပ်ကွက်အတွင်း ရဲတပ်ဖွဲ့ဝင်များလှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် ဂျပန်တံတားအနီးတွင် အမည်မသိ အမျိုးသားတစ်ဦးအား ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ည ၉ နာရီခန့်က စီတာပူရဲကင်းမှူးဦးဆောင်သည့် အဖွဲ့သည် စီတာပူရပ်ကွက်အတွင်း နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းတာဝန်များဆောင်ရွက်နေစဉ် နောင်ရာနယ်မြေ၊(၆၃)ဧကကွင်း၊ဂျပန်တံတားအနီးသို့အရောက်တွင် အမျိုးသားတစ်ဦး လဲကျနေသည်ကိုတွေ့ရှိရသဖြင့် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ရာ ချွန်ထက်သောအရာဖြင့် ထိုးသွင်းခံထားရသည့်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု သိရသည်။

သေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လည်ပင်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ သုံးချက်၊ဝဲဘက်မျက်ခုံးတွင် ပြတ်ရှဒဏ်ရာတစ်ချက်၊ဝဲဘက်နဖူးတွင် ပေါက်ပြဲဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေကြောင်း သိရသည်။
သေဆုံးသူ၏အနီးတွင် ဆိုင်ကယ်တစ်စီး၊ဖိနပ် နှစ်ရံ၊တုတ်တစ်ချောင်းတို့ကိုလည်း တွေ့ရှိသိမ်းဆည်းရမိထားကြောင်း သိရသည်။

အဆိုပါအမှုကို မြစ်ကြီးနားမြို့မရဲစခန်းတွင် (ပ)၃၃/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၀၂၊အမှုကြီးအမှတ်စဉ် ၃/၂၀၁၇ ဖြင့် အမှုဖွင့်လှစ်ထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း မြစ်ကြီးနားမြို့မရဲစခန်းမှ သတင်းရရှိသည်။

ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
မြစ်ကြီးနားမြို့ ဂျပန်တံတား အနီးလူသတ်မှုဖြစ်ပွား  မြစ်ကြီးနားမြို့  ဂျပန်တံတား အနီးလူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:58 Rating: 5
Powered by Blogger.