မောင်တောမြို့ ၅ မိုင် ထီးတစ်ရာကျောင်းတိုက် မီးလောင်


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၇

ရခိုင်ပြည်နယ် မောင်တောမြို့၊ ၅ မိုင်အကွာအဝေးရှိ နတ်ဆွေတော် (ခေါ်) ထီးတစ်ရာဘုန်တော်ကြီးကျောင်း တစ်ကျောင်းလုံး ယနေ့ ညနေက မီလောင်သွားခဲ့သည်ဟု သတင်းရရှိသည်။

ညနေ ၅ နာရီ ၅ မိနစ်တွင် မီလောင်မူဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကျောင်းထိုင် ဆရာတော်က “ အဓိဋ္ဌာန်ဝင်နေစဉ် ထွန်းညှိထားတဲ့ ဖယောင်းတိုင်လဲကျပြီး မီးလောင်တာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

ဆရာတော်သည် နေ့တိုင်း ဆီမီးထွန်းပြီး အဓိဠာန်ဝင်လေ့ရှိကြောင်း ဆက်လက်ရှင်းပြ ပြောဆိုသည်။
ဆရာတော်တွင် သူ၏ ပင်စင် စာအုပ်နှင့်အတူ ငွေ ၁၆ သိန်း ပါရှိသွားခဲ့သည်။ ၎င်းပြင် ဆန် ၇ အိတ်နှင့် သင်္ကန်း ပရိက္ခရာများ၊ ဘုန်ကြီးကျောင်းရှိ ဘာသာရေး စာအုပ်များ၊ စာအုပ်ဗီရိုများ အားလုံး မီးထဲပါသွားခဲ့သည်ဟု သိရသည်။


ယခု မီးလောင်မှုနှင့် ပတ်သက်ပြီး သတင်းအမျိုးမျိုး ဖြစ်ပေါ်နေသဖြင့် မောင်တောမြို့နယ် ရဲစခန်းသို့ ဆက်သွယ်ရာ မြို့နယ်မှူးက ယခုလို ပြောသည်။
“ မီးလောင်တာက နယ်ခြားစောင့်တပ် အပိုင် နယ်မြေ ဖြစ်ပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောကားလမ်းဘေးမှာပါ။ တစ်ထပ် မြေထိုင်ပျဉ်ခင်းလို့ သိရပါတယ်။ လောင်တာနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးဘူး။ စုံစမ်း စစ်ဆေးနေတုန်း ဖြစ်ပါတယ်” ဟု မြို့နယ်မှူးက ပြောသည်။

အောင်ကျော်မင်း (မောင်တော)
Narinjara
https://www.facebook.com/Narinjara
မောင်တောမြို့ ၅ မိုင် ထီးတစ်ရာကျောင်းတိုက် မီးလောင် မောင်တောမြို့ ၅ မိုင် ထီးတစ်ရာကျောင်းတိုက် မီးလောင် Reviewed by THITHTOOLWIN on 09:28 Rating: 5
Powered by Blogger.