မိုးကောင်း ၊ ဖေဖော်ဝါရီ - ၈
ဖေဖော်ဝါရီ(၇)ရက်နေ့၊ နေ့လည်(၂)နာရီ အချိန်ခန့်က ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှ ကချင်တိုင်းရင်းသူတစ်ဦး ဒေသထွက် (တောင်ဇင်ဖက်) ဖက်ခုတ်သွားစဉ် မိုင်းပေါက်ကွဲ ထိမှန်ဒါဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၇)ရက်နေ့၊ နေ့လည်(၂)နာရီ အချိန်ခန့်က မိုးကောင်းမြို့၊ နတ်ကြီးကုန်း (ရုံးဟောင်းအုပ်စု-၂)၊ (နကက/၅၂၉)တွင် နေထိုင်သူဒေါ်ထု(၅၀)နှစ်၊ (ဘ)ဦးမရမ်ရှောင်(ကချင်၊ခရစ်ယာန်)နှင့် ဒေါ်ဘောက်တောင်(၃၈)နှစ်၊ (ဘ)ဦးလဗျလွမ်း(ရုံးဟောင်းအုပ်စု-၂) (ကချင်၊ခရစ်ယာန်)တို့နှစ်ဦးသည် မိုးကောင်းမြို့၏ အနောက်တောင်ဘက်၊ လွဲလောကျေးရွာအုပ်စု၊ မုန့်တောင်ကျေးရွာနှင့် (၂)မိုင်ခန့်အကွာရှိ သိုက်ချောင်းရွာပျက်အနီး တောင်ပေါ်မှ ဖက်ခုတ်ပြီး လှည်းလမ်းအတိုင်း ပြန်လာစဉ် တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲသဖြင့် ဒေါ်ထု၏ ဝဲဘက်/ယာဘက်ခြေသလုံးနှင့် ပေါင်တို့တွင် မိုင်းစများထိမှန်ခဲ့သည်။
အတူပါလာသူဒေါ်ဘောက်တောင်မှ တောင်ပေါ်အထိ ကျောကုန်းပိုးသယ်ဆောင်ကာ လွဲလောကျေးရွာသို့ လှည်းဖြင့် သယ်ဆောင်ခဲ့သည်။ မိုးကောင်းပြည်သူ့ဆေးရုံသို့ ၎င်းနေ့ည(၁၀)နာရီ အချိန်တွင် ရောက်ရှိပြီး ဆေးဝါးကုသမှုခံယူကာ အတွင်းလူနာအဖြစ် တက်ရောက်နေကြောင်း သိရသည်။
ဝင်းနိုင် (ကချင်မြေ)
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media
ဖက်ခုတ်သွားစဉ် မိုင်းပေါက်ကွဲမှုကြောင့် တိုင်းရင်းသူတစ်ဦး ဒါဏ်ရာရရှိ
Reviewed by THITHTOOLWIN
on
08:18
Rating:
