မအူပင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ နာရီဝက်အတွင်း မီး ကို ထိန်းချုပ်နိုင်



မအူပင်၊ ဖေဖော်ဝါရီ ၈။
ယနေ့ ဖေဖော်ဝါရီလ ၈ရက်နံနက် ၇နာရီခွဲ အချိန်ခန့်က ၊ ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့ ၊မအူပင် ရေလဲလမ်းမဘေး အိုင်ဝိုင်းကျေးရွာအုပ်စု ရှိ ဆန်စက်တစ်ခုတွင် မီးလောင်ဖြစ်ပွားခဲ့ကြောင်း၊ မနက် ၈း၀၀ အချိန်တွင် မီးကိုထိန်ချုပ်လိုက်နိုင်ကြောင်း မီးလောင်သည့်နေရာတွင်ရောက်ရှိသတင်းရယူနေသည့် AHN သတင်းထောက်ကသတင်းပေးပို့သည်။

"မီးလောင်တဲ့နေရာက မအူပင်မြို့လယ်ခေါင်နဲ့ဆို တစ်မိုင်လောက်ပဲဝေးတဲ့နေရာပါ ။ မီးသတ်ကား ၁၀ စီးလာရောက်မီးငြိမ်းသတ်တာပါ ။ မအူပင်မီးသတ်နဲ့ ပျိုးခင်းသစ်ဖောင်ဒေးရှင်းက မီးသတ်ကားတွေပါ။အခုတော့ (မနက် ၈း၀၀) မှာမီးကိုထိန်းလိုက်နိုင်ပါပြီ။ ဆန်စက်ထဲက စပါးတွေ၊ဆန်တွေမီးလောင်ကုန်တယ်လို့သိရပါတယ်။လူကတော့ထိခိုက်မှုမရှိဘူး၊ မီးကိုဝိုင်းဝန်းငြိမ်းသတ်ပေးတဲ့သူတွေပဲ အနည်းငယ်ပွန်းပဲ့ ဒဏ်ရာရတယ်လို့သိရပါတယ်။'ဒဏ်ရာရတဲ့သူ ကတော့ ၁၀ ဦးလောက်ရှိပါတယ်။ ဒဏ်ရာ တွေက မများပါဘူး၊ သူတို့ကို မအူပင်မြို့နယ်၊ ကြက်ခြေနီအဖွဲ့၊ သူနာပြုတပ်ရင်းကအဖွဲ့ဝင်တွေက ပြုစုကုသပေးနေပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ တာဝန်ရှိသူတွေကိုမေးနေတုန်းပါဗျ " ဟု ၄င်းကပြောသည်။

ပြည့်ဖြိုးပိုင် (AHN )
PHOTO - AHN
The Asia Heart News
မအူပင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ နာရီဝက်အတွင်း မီး ကို ထိန်းချုပ်နိုင် မအူပင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ နာရီဝက်အတွင်း မီး ကို ထိန်းချုပ်နိုင် Reviewed by THITHTOOLWIN on 09:32 Rating: 5
Powered by Blogger.