မိုးကောင်း ၊ ဖေဖော်ဝါရီ - ၈
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမော်ကျေးရွာ၊ အောင်တံခွန်ရပ်ကွက်(၁)နေ ဦးမျိုးနိုင်(၄၂)နှစ်၊ (ဘ)ဦးအုန်းမောင်သည် ဖေဖော်ဝါရီ(၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆားမော်ကျေးရွာ အရှေ့တောင်ဘက်၊ နတ်နန်းကွင်းထန်းတောအနီး လယ်တောသွားရာမှ နင်းမိုင်းတစ်လုံးနင်းမိ ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဝဲဘက်ခြေထောက်တွင် မိုင်းစထိမှန် ဒါဏ်ရာရရှိခဲ့ပြီး နေ့လည် (၂း၃၀)နာရီ အချိန်တွင် လောကတ္ထစရိယ လူမှုကူညီရေး အသင်း (မိုးကောင်း)ကားဖြင့် မြစ်ကြီးနားဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/
နင်းမိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ပြည်သူတစ်ဦး ဒါဏ်ရာရရှိ
Reviewed by THITHTOOLWIN
on
15:55
Rating:
