တရားလွှတ်တ်ေရှေ့နေ ဦးကိုနီကို လူငယ်သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ် မှုကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိဟု ရဲချုပ်ပြော


တရားလွှတ်တ်ေရှေ့နေ ဦးကိုနီကို လူငယ်သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ် မှုကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည် ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်း က ဖေဖော်ဝါရီ ၂၅ ရက် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပြတိုက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

ဦးကိုနီကို ပစ်ခတ်လုပ်ကြံရန် စီစဉ်သူများဖြစ်သည့် အောင်ဝင်းခိုင်၊ ဇေယျာဖြိုး တို့သည့် သတင်းစာ ဂျာနယ်တို့တွင် ဖော်ပြပါရှိသည့် ဦးကိုနီ၏ ပြောဆိုမှုများ အပေါ် မကျေနပ်ခြင်းကြောင့် လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ရဲချုပ်က ပြောကြားခဲ့သည်။
“ဇေယျာဖြိုးဟာ အောင်ဝင်းခိုင်တို့နဲ့ တာမွေ မော်ဒန် လက်ဖက်ရည်ဆိုင်မှာ မကြာခဏတွေ့ဆုံစဉ်မှာ လူမှုကွန်ရက်များမှာ တွေ့မြင်ကြရတဲ့ ဦးကိုနီရဲ့ ပြောဆိုလုပ်ကိုင် ဆောင်ရွက်နေမှုများကို ပြောဆိုဆွေးနွေးပြီးတဲ့ အခါမှာတော့ လူငယ်သဘာဝအရ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများ ဖြစ်ပေါ် လာခဲ့ကြောင်း သိရှိရပါတယ်။ ဇေယျာဖြိုးအား အောင်ဝင်းခိုင်မှ ဦးကိုနီကို ရှင်းပစ်မှ ကောင်းမည်ဟု ပြောခဲ့ကြောင်း၊ ထိုအခါ ဇေယျာဖြိုးက အစ်ကို ဘယ်လိုလုပ်မှာလဲ ဟု မေးတဲ့အခါ မှာ အောင်ဝင်းခိုင်က ၎င်း၏ အစ်ကို အောင်ဝင်းဇော် ထောင်ကျစဉ်က တပည့်များရှိကြောင်း၊ ၎င်းတို့ကိုခိုင်း လျှင် အဆင်ပြေနိုင်ကြောင်း အောင်ဝင်းဇော်နှင့် အရင်တိုင်ပင်ဦးမည်ဟု ပြော ခဲ့ကြောင်း၊ အောင်ဝင်းဇော်ကလည်း ဆောင်ရွက်လိုသည့် ဆန္ဒရှိကြောင်း လိုအပ်တဲ့ငွေကြေးကိုသာ ပံ့ပိုးစေလိုသည်ဟု ပြောကြားခဲ့သည်” ဟု ရဲချုပ်ဇော်ဝင်းကသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။


ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိသည့် တရားခံ ၃ ဦးအပြင် အမျိုးသား ၇၁ ဦး အမျိုးသမီးနှစ်ဦး စုစုပေါင်း ၇၃ ဦးကိုလည်း ခေါ်ယူ စစ်မေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းလည်း ရဲချုပ်ဇော်ဝင်းက ပြောကြား ခဲ့သည်။

ဦးကိုနီအမှုနှင့်ပတ်သက်၍ စစ်ဆေးပေါ်ပေါက်ချက်များအရ ကြည်လင်း(ခေါ်) ဖိုးထူးအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)၊ လက်နက်ပုဒ်မ ၁၉(စ)၊ လ၀ကအက် ဥပဒေ ၁၃(၁) အရလည်းကောင်း၊ အောင်ဝင်းဇော်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)၊ လက်နက်ပုဒ်မ ၁၉(စ)အရ လည်းကောင်း၊ ဇေယျာဖြိုးအား ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)၊ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၄၆၈ အားဖြင့် လည်းကောင်း၊ အောင်ဝင်းခိုင်အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ လည်းကောင်း အသီးသီး မှုခင်းရဲတပ်ဖွဲ့မှ တရားစွဲတင်ပို့ရန် စီစဉ်ဆောင်ရွက် လျက်ရှိပြီး အမှုမှ ထွက်ပြေး တိမ်းရှောင်နေသည့် တရားခံ အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရေးအတွက် ၎င်း၏ဓာတ်ပုံကို ပြည်တွင်းရှိ တိုင်းနှင့် ပြည်နယ် ရဲတပ်ဖွဲ့များထံ ဖြန့်ဝေပေး ပို့ထားပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့ တို့ကိုလည်း ပေးပို့ချိတ် ဆက် ဆောင်ရွက်လျက်ရှိကြောင်း ရဲချုပ်ဇော်ဝင်းက ရှင်းလင်းပြောကြားခဲ့ သည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/
တရားလွှတ်တ်ေရှေ့နေ ဦးကိုနီကို လူငယ်သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ် မှုကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိဟု ရဲချုပ်ပြော တရားလွှတ်တ်ေရှေ့နေ ဦးကိုနီကို လူငယ်သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ် မှုကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိဟု ရဲချုပ်ပြော Reviewed by THITHTOOLWIN on 13:23 Rating: 5
Powered by Blogger.