လွှတ်တော် ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်နေချိန် သတင်းမေးမြန်းရန် ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ပေးထားခြင်းမရှိ


ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်နေချိန် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို တိုးတိုးတိတ်တိတ်ဖြစ်စေ၊ ပေါ်ပေါ်တင်တင်ဖြစ်စေ နောက်မှလိုက်လံစုံစမ်း သတင်းမေးမြန်းရယူရန် တာဝန်ပေးထားခြင်း၊ ဆောင်ရွက်စေခြင်းများ မရှိကြောင်း ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖေဖော်ဝါရီ ၁၀ ရက်တွင်ပြောသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အင်းစိန် မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦး က လွှတ်တော် ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင် နေချိန်တွင် လိုက်လံစုံစမ်း၊ မေးမြန်း သတင်းရယူနေကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို မည်သည့် တာဝန်ရှိပုဂ္ဂိုလ် အဖွဲ့အစည်းများမှ တာဝန်ပေးထားခြင်း ရှိ/မရှိ သိလိုခြင်း မေးမြန်းခဲ့မှုကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈)တွင် နိုင်ငံသူ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ တာဝန်များနှင့် စပ်လျဉ်း၍ ပုဒ်မ ၃၄၅ မှ ၃၉၀ အထိ ဖော်ပြထားရာ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခွင့်အရေးများ ရှိကြောင်း ဖော်ပြပါရှိသည်။ ထိုအခွင့်အရေးများကို ဆောင်ရွက်ရာတွင် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ လုံခြုံမှုရှိရေးနှင့် လူမှုပတ်ဝန်းကျင်၏ လုံခြုံမှုရှိရေးသည် အဓိကကျပြီး လုံခြုံမှုရှိမှသာလျှင် မိမိတို့ ဆောင် ရွက်လို သည့် ကိစ္စများကို အနှောင့်အယှက် ကင်းစွာဖြင့် ချောချောမွေ့မွေ့ ဆောင် ရွက်နိုင်မည် ဖြစ်သည်ဟုလည်း ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ထည့်သွင်းပြောဆိုခဲ့သည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/
လွှတ်တော် ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်နေချိန် သတင်းမေးမြန်းရန် ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ပေးထားခြင်းမရှိ  လွှတ်တော် ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်နေချိန် သတင်းမေးမြန်းရန် ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ပေးထားခြင်းမရှိ Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.