စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့နဲ့ ထိဆက်နေတဲ့ နယ်စပ်ဂိတ်ကို အိန္ဒိယဘက်က ပိတ်လိုက်တဲ့အတွက် ပန်ဆောင်မြို့မှာ စားနပ်ရိက္ခာတွေ ရှားပါးမှုတွေဖြစ်နေပါတယ်။
အိန္ဒိယဘက်မှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် နယ်စပ်ဂိတ်ကို ပိတ်လိုက်တာဖြစ်ပြီး ပန်ဆောင်ဒေသခံတွေက အိန္ဒိယဘက်က ကုန်စည်တွေကို မှီခိုနေရတဲ့အတွက် စားနပ်ရိက္ခာခက်ခဲလာတာလို့ နန်းယွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောပါတယ်။
"အိန္ဒိယနယ်စပ် အိန္ဒိယဘက်ခြမ်းမှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုပြီး အကြောင်းပြပြီး ပိတ်ထားတာ ပန်ဆောင်မြို့က အိန္ဒိယဘက်က ကုန်ပစ္စည်းကိုအခြေခံပြီး အသက်ရှင်ကြတာ အဲဒါကြောင့် အဲ့ဒီဂိတ်ပိတ်သွားတော့ ပန်ဆောင်မြို့ ဒေသခံတွေအတွက် အခက်အခဲအများကြီးရှိပါတယ်"
အဲ့ဒီနယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၅ ရက်နေ့လောက်ကစတင်ပြီး ပိတ်လိုက်တာဖြစ်ပြီး အရင်ကတည်းက တရားဝင်ဖွင့်လှစ်ထားတဲ့ ဂိတ်မဟုတ်တဲ့အတွက် အစိုးရအချင်းချင်းညှိနှိုင်းဖို့ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
ဂိတ်ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ တပ်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်းသွားဖို့ စီစဉ်နေပါတယ်။
ပန်ဆောင်မြို့အပြင် အနီးနားက နန်းယွန်းမြို့မှာလည်း မြစ်ကြီးနားဂိတ်ကို ပိတ်ထားတာ တစ်လကျော်ကြာမြင့်နေပြီဖြစ်တဲ့အတွက် ဆန်ဈေးမြင့်တက်နေပြီး အရင်က ဆန်ကြမ်း တစ်အိတ်ကို သုံးသောင်းကျော်သာရှိပေမယ့် လက်ရှိမှာ ငါးသောင်း ကျော်အထိ ဈေးနှုန်းမြင့်တက်နေပါတယ်။
RFA Burmese
http://www.rfa.org/burmese
နာဂဒေသမှာ စားနပ်ရိက္ခာရှားပါးနေ
Reviewed by THITHTOOLWIN
on
08:49
Rating:
