နတ်မောက်မြို့၊မြို့သစ်-နတ်မောက်ကားလမ်း နတ်မောက်မြို့အဝင် ဆိုင်းဘုတ်အနီးတွင် ဖေဖော်ဝါရီ(၂၀)ရက်နေ့ မွန်းလွဲပိုင်းက ဆိုင်ကယ်မောင်းနှင်နေသော အမျိုးသားတစ်ဦး ကားကြိတ်သေဆုံးခဲ့ကြောင်း နတ်မောက်မြို့မရဲစခန်း မှသိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၀)ရက်နေ့ မွန်းလွဲ(၁၂)နာရီမိနစ်(၄၀)အချိန်က မြို့သစ်-နတ်မောက်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ နတ်မောက်မြို့မရဲစခန်းမှ ဒုရဲအုပ် စောသက်လွင် သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
မြို့သစ်ဘက်မှ နတ်မောက်ဘက်သို့ ဇင်ပိုင်ဦး၊၃၃နှစ်၊ မြို့မကွက်သစ်ရပ်ကွက်၊ နတ်မောက်မြို့နေသူသည် ယာယီနံပါတ်ပါ ရှာရမ်း-၁၁၀ အနက်ရောင်ဆိုင်ကယ်အား မြို့သစ်-နတ်မောက်ကားလမ်းအတိုင်း 6861 နံပါတ်ပါ(၁၂)ဘီးယာဉ် နှင့် ယှဉ်လျှက် မောင်းနှင်လာစဉ် မြို့သစ်-နတ်မောက်ကားလမ်းမိုင်တိုင်အမှတ် ၂၆/၀ ၊နတ်မောက်မြို့အဝင်ဆိုင်းဘုတ်အနီးအရောက် ယာဉ်၏ဝဲလက်ခြမ်း နှင့်ဆိုင်ကယ်အား တိုက်မိခဲ့ရာ ဆိုင်ကယ်မှာလဲကျသွားပြီး ဇင်ပိုင်ဦးမှာ ယာဉ်၏ဝဲဘက်နောက်ဘီးနှင့်ကြိတ်မိ ခဲ့၍ ဦးခေါင်းဝဲဘက်ခြမ်းကြေ၊ နောက်စေ့ပေါက်ပြဲ၊ ဦးနှောက်ထွက်၊ ဆီးခုံပေါက်ပြဲ၊ ဝဲနားသွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ သေဆုံးသွားခဲ့သည်။
ယာဉ်မှာ ပျော်ဘွယ်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း စစ်ဆေးသိရှိခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ နတ်မောက်-ပျော်ဘွယ်ကားလမ်း၊ လမ်းအသုံးပြုခကောက်ခံရေးဂိတ်၌ 5H/6861 HINO FNIKWG TRUCK ဖြူ/မီးခိုးရောင် (၁၂)ဘီးယာဉ်အားတွေ့ရှိပြီး ယာဉ်မောင်းမှာ အေးမင်းစိုး၊၂၉နှစ်၊ ထင်ဝင်းရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးနေသူဖြစ်ကြောင်းသိရှိခဲ့၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ အေးမင်းစိုးအား အရေးယူပေးရန် ဒုရဲအုပ် စောသက်လွင် မှ တရားလိုပြုတိုင်ကြားခဲ့၍ နတ်မောက်မြို့နယ်၊မြို့မရဲစခန်းမှ ယာဉ်(ပ)၁၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့်အမှု ဖွင့်ထားသည်။
kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကားနှင့်ဆိုင်ကယ် ဘေးချင်းကပ်ယှဉ်စီးရာ မှ ဆိုင်ကယ်စီးနင်းသူကားကြိတ်သေဆုံး
Reviewed by THITHTOOLWIN
on
19:35
Rating:
