ဘူးသီးတောင်ထောင်မှ အကျဉ်းသား ၂ ဦး ထွက်ပြေး


စစ်တွေ၊ ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ အကျဉ်းထောင်မှ ဘင်္ဂလီ အကျဉ်းသား ၂ ဦးသည် ယနေ့ နေ့လယ် ၂ နာရီခွဲခန့်က ထွက်ပြေးသွားသည်ဟု ဘူးသီးတောင်မြို့ အကျဉ်းထောင် ထောင်ပိုင်မှ နိရဉ္စရာသို့ အတည်ပြုပြောသည်။

"ထွက်ပြေးသွားတာတော့ မှန်ပါတယ်။ ၂ ဦးပါ။ အလုပ်လုပ်နေတဲ့ အပြင် ဘုတ်က ထင်းရှာနေတဲ့ အဖွဲ့က ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ သူတို့က ပုံမှန် ထင်းရှာတဲ့ အဖွဲ့ထဲက ဘင်္ဂလီ နှစ်ဦး ဖြစ်ပါတယ်။ အကြမ်းဖက်မှုနဲ့ ဆက်စပ်သူတွေ မဟုတ်ပါဘူး။ ရိုးရိုးထောင်သားတွေပါ။ သူတို့က မောင်တောဇာတိ ဖြစ်ပါတယ်"ဟု ထောင်ပိုင်ကြီးက ပြောဆိုသည်။

ယခုကဲ့သို့ ထောင်သားနှစ်ဦး ထွက်ပြေးလွတ်မြောက်သွားသဖြင့် ထောင်လုံခြုံရေးကို အထူးတင်းကျပ်လိုက်ပြီး ရှာဖွေမှုတွေ ဆက်လက် ပြုလုပ်နေသည်ဟု သူက ပြောဆိုသည်။

“ ယုံကြည်တော့ နည်းနည်း ပေါ့လျော့သွားတာပေါ့။ ဒါကို အခွင့်အရေးယူပြီး ထွက်ပြေးသွားတာပေါ့။ အခုတော့ လိုက်ရှာနေပါတယ်။ အဖွဲ့တွေခွဲပြီး လိုက်ရှာနေပါတယ်။ မိတော မမိသေးပါ” ဟု ထောင်ပိုင်ကြီးက ပြောဆိုသည်။

ဘူးသီးတောင်ထောင်တွင် အကျဉ်းသား တစ်ထောင်ကျော်ခန့်ရှိပြီး ယင်းအထဲမှ ၅၀၀ ခန့်မှာ မောင်တော အကြမ်းဖက်မှုနှင့် ဆက်စပ် ဖမ်းဆီးခံထားရသူများ ဖြစ်ကြောင်း သိရသည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara-151742128171206/
ဘူးသီးတောင်ထောင်မှ အကျဉ်းသား ၂ ဦး ထွက်ပြေး ဘူးသီးတောင်ထောင်မှ အကျဉ်းသား ၂ ဦး ထွက်ပြေး Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.