စစ်တွေ၊ ဖေဖော်ဝါရီ ၈
ဥပဒေနှင့် မညီဘဲ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့သူ ရခိုင်ပြည်နယ် လဝက ဦးစီးမှူး ဦးဝင်းလွင်အား စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီ မြို့နယ်အတွင်းရေးမှူး ဦးအောင်သန်းဝေမှ တရားလိုပြု၍ အမှုဖွင့် ထားသော်လည်း ယခုအချိန်ထိ တရားစွဲဆို၍ မရသဖြင့် လူထုဆန္ဒ သဘောထားကို ရယူကာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သွားမည်ဟု တရားလိုပြု၍ တရားစွဲဆိုသူ ဦးအောင်သန်းဝေက နိရဉ္စရာသို့ပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ နိုင်ငံသားမိဖ နှစ်ဦးမှ မွေးဖွားလာသူမဟုတ်သည့် ဘင်္ဂလီအမျိုးသမီး မြနန္ဒခင်အား ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူး ဦးဝင်းလွှင်က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ ၇ (က)ပါ ဥပဒေ ပြဌါန်းချက် အတိုင်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ၁၁/ဘသတ(နိုင်)၀၄၈၁၅၇ ကို ထုတ်ပေးထားခြင်းသည် ဥပဒေကို ချိုးဖောက်ရာရောက်သည်ဟုဆိုကာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ (၁၉)ပါ ဥပဒေ ပြဌါန်းချက်အတိုင်း အရေးယူအပြစ်ပေးနိုင်ရန် ဦးအောင်သန်းဝေနှင့်အဖွဲ့က စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။
အဆိုပါ တရားစွဲဆိုရေး ကိစ္စနှင့် ပတ်သက်၍ ဥပဒေချုပ် ဦးကျော်လှထွန်းက တရားစွဲဆိုသည့်အဖွဲ့မှ တင်ပြလာသည့် အမှုတွဲ စာရွက်စာတမ်းနှင့် ပတ်သက်၍ အကြံပေးအဖွဲ့မှ ၇ ရက်အတွင်းမှာ ဥပဒေအကြံပြုပေးပါမည်ဟု ပြောကြထားသော်လည် ယနေ့ တစ်စုံတစ်ရာ အကြံပေးခြင်း မရှိသေးဟု ဆိုသည်။
“ ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းကနေ ကျွန်တော်တို တရားလိုအဖွဲ့ ၉ ဦးနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ နယ်စပ်လုံခြုံရေး ဝန်ကြီး ဦးထိန်လင်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးကြီးတို့ ရှေ့တွင် ၇ ရက်အတွင်းမှာ ဥပဒေ အကြံပြုပေးမယ် ဆိုပြီး ကတိခံဝန်ခြင်းပြုထားပေမယ့် ရက်တွေသာ ကြာလာတယ်။ အခုအချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိဘဲ ဖြစ်နေပါတယ်” ဟု တရားလိုဖြစ်သူ ဦးအောင်သန်းဝေက နိဉ္စရာသို့ ဆက်လက် ပြောဆိုသည်။
၎င်းပြင် ဦးအောင်သန်းဝေက “အခု ဥပဒေအကြံပြုတွေတာဝန်မယူတာ တစ်လောက်ရှိပါပြီ။ ဥပဒေ အကြံပေးရေး အဖွဲ့ဖြစ်တဲ့ ဥပဒေဝန်ထမ်းတွေကိုယ်တိုင်က ဥပဒေကိုအလေးအနက်မထားတဲ့ ပုံစံများ သက်ရောက်နေပါတယ်။ ရာဇသတ်ကြီးဆိုင်ရာ ပြစ်မှုဥပဒေမှာ ပြဌါန်းထားပါတယ်။ တရားစွဲအဖွဲ့က တင်ပြလာသောအမှုနှင့် ပတ်သက်လို့ တင်ပြလာတဲ့အပေါ်မှာ ဥပဒေအကြံပေးအဖွဲ့သည် စောလျှင်စွာ(သို့) ၇ရက်အတွင်းမှာ ဥပဒေ အကြံပြုပြဌာန်း ပေးရမယ် ဆိုတာ ပြဌါန်ပြီးသားပါ။ အခုပွင့်ပွင့်လင်းလင်းပြောချင်တာက အစိုးရတစ်ဖွဲ့လုံး တရားခံဘက်ကပါတယ်လို့ ယူဆ ရပါတယ် ” ဟု တရားလိုဖြစ်သူ ဦးအောင်သန်းဝေက နိဉ္စရာသို့ ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့တွင် စစ်တွေမြို့ မြို့မရဲစခန်း၌ အမှုအမှတ် (၁၆/၇၇/၂၀၁၆)နှင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်ကြောင်း၊ အမှုသည် ဥပဒေအကြံပြုအဖွဲ့သို့ ရောက်နေသည်မှာ ၁ လနီးပါး ရှိပြီးဖြစ်ကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့က တွေဆုံးမေးမြန်းရာ မြနန္ဒခင် ကိစ္စနှင့် ပတ်သက်၍ ထုတ်ပေးထားသည့် နံပါတ်ကို သူတောင်းပေးမည်ဟု အာမခံ ပြောကြားခဲ့ကြောင်း သူကပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည်နယ် လ၀ကမှူးသို့ ဆက်သွယ်ရာ ဖုန်းကိုင်ဖြေဆိုခြင်းမရှိပါ။
နောင်ခိုင်အောင်(ပလက်ဝ)
Narinjara
https://www.facebook.com/Narinjara
ရခိုင် ပြည်နယ် လဝက ဦးစီးမှူးအား တရားစွဲဆို၍ မရသဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မည်
Reviewed by THITHTOOLWIN
on
10:24
Rating:
