ရန်ကုန်တိုင်းဒသကြီး တွံတေးမြို့နယ်၊ ကြည်တန်းကျေးရွာအုပ်စု၊ ကြည်တန်းကျေးရွာတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ညက အသက်၂နှစ်ခွဲမှ၁၀နှစ်ကျော်ရှိ ကလေး (၁၅)ဦးအစာအဆိပ်သင့်မှူဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အစာအဆိပ်သင့်သည့် ကလေးငယ် ၁၅ ဦးအနက်မှ ကလေး ၁၂ ဦး အား တွံ့တေး မြို့ မဆေးရုံ ၊ကျန်ရှိသော ကလေး( ၆)ဦးကို ရန်ကုန်ဆေးရုံကြီး သို့ လည်းကောင်း တင်ပို့ပေးခဲ့ကြောင်း နှင့် ယင်းလေးများကို ဆေးရုံသို့ ပို့ဆောင်ရာတွင် စေတနာ၊မြတ်သဒ္ဒါနှင့် စိတ္တသုခ လူမှူကူ ညီရေး အသင်းတို့မှ အခမဲ့ လူနာတင် ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း တွံ့တေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂ ) လွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက News Watch သို့ပြော သည်။
“ထူးဆန်းတာက ဒီကလေးတွေက ညနေ ၅နာရီနဲ့၆ နာရီအတွင်းမှာ တ ချိန်တည်း တစ်ပြိုင်တည်းလိုလို အစာအ ဆိပ်သင့်မှုဖြစ်ပွါးတာပါ။ ကလေး တချို့က ရိုးရိုးအန်တယ်။တချို့ ကလေး တွေကတော့ အောင့်ပြီး တော့ အန်ကြတယ်။ဒါဘာ ကြောင့်ဖြစ်လဲ ဆိုတာမသိရသေးဘူး။
အဲဒီကျေးရွာကတော့ ကန်ရေ သောက်ကြတယ်။ ဆေးရုံကြီးက ဆရာဝန်က အစာအဆိပ်ဖြစ်တဲ့ကလေးတွေရဲ့ ဆေးစစ်ချက်တွေကို ဓါတ်ခွဲခန်းမှာ ပို့ထားတယ်လို့သိရတယ်” ဟု ဦးနေနိုင်ဦး ကပြောသည်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့ နောက်ဆုံးရ သတင်းများအရ တွံ့တေးမြို့ မဆေးရုံတွင် ဆေးကုသမှုခံယနေသော ကလေး ၁၂ ဦးမှာ သက်သာနေပြီဖြစ်ကြောင်းနှင့် ရန်ကုန်ဆေးရုံကြီးသို့လွဲပြောင်းကုသခဲ့သော ကလေး ၆ ဦးအနက် ၂ ဦးမှာ ဆေးရုံမှ ပြန်လည်ဆင်းသွားပြီး ကျန် ၄ ဦးမှာ ဆက်လက်ကုသနေသည်ဟု သိရကြောင်း ဦးနေနိုင်ဦး ကပြောသည်။
လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal/
တွံ့တေးမြို့နယ် ကျေးရွာတစ်ရွာတွင် ကလေး ၁၅ ဦးတစ်ချိန်တည်း အစာအဆိပ်သင့်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:55
Rating:
