ကျောက်တံခါး
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မရဲစခန်းအပိုင် ရန်ကုန် - မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ်၁၁၄/၆နှင့်၇အကြား ကျောက်တံခါးမြို့တွင်း သံလမ်းဂုံးအနီး၌ ဖေဖော်ဝါရီ၂၁ရက် နံနက် ၇နာရီခွဲက ရှေ့မှစီးနင်းမောင်းနှင်နေသော ဆိုင်ကယ်အား၁၂ဘီးကုန်တင်ယာဉ်မှ ဝင်ရောက်
တိုက်မူဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းဇော်မင်းထွန်း၄၂နှစ်(ဘ) ဦးမြထွန်း တောင်ကြီး
မြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ်1K/6762 နီဆန်း ဒီဇယ်အစိမ်းရောင်၁၂ဘီးယာဉ်သည် ပဲပုတ်အိပ်၃၆၀အိပ်အား တင်ဆောင်မောင်းနှင်လာစဉ် ၎င်း၏ရှေ့မှလားရာတူမောင်းနှင်နေသော ယာဉ်မောင်း အနီးကူမား၃၃နှစ်(ဘ)ဦးမိုသီလား လယ်လုပ် ကွင်းနောက်ရပ်ကွက် ကျောက်တံခါးမြို့နေသူနှင့် ဆိုင်ကယ်နောက်တွင် ဦးလားဗဟာဒူး၃၀နှစ်(ဘ)ဦးပရာမဒတ် လယ်လုပ်(လိပ်စာတူ)ဒေါ်ဖူလွယ်ဝန်သီး၄၂နှစ် (ဘ)ဦးဆူနန်း(လိပ်စာတူ)လိုက်ပါစီးနင်းသော ဆိုင်ကယ် နံပါတ်မပါ DAYANG 110အနက်ရောင် ဆိုင်ကယ်အား အရှိန်မထိန်း နိုင်ဘဲ နောက်မှဝင်တိုက်မိရာဆိုင်ကယ်မောင်း အနီးကူမားနှင့် ဆိုင်ကယ်နောက်တွင် စီးနင်းသူဦးလားဗဟာဒူးတို့တွင် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ) ဒေါ်ဖူလွယ်ဝန်သီးတွင်နှာခေါင်း ပါးစပ်သွေးထွက် ဦးခေါင်းနားထင်ကွဲအက်
ယာနားထင်ပေါက်ပြဲ(စိုးရိမ်ရ)ဒဏ်ရာဖြင့် ကျောက်တံခါးမြို့နယ့် ပြည်သူ့ဆေးရုံ၌ ဆေးကုသမူခံယူနေရပြီး ဆိုင်ကယ်မှာနောက်ပိုင်းကြေမွ ပျက်စီး၍ ယာဉ်ရှေ့ယာဘက်ခြမ်း ဘန်ကာပိန်ချိုင့်ပျက်စီးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲအုပ်ကျော်သူထက်မှ စစ်ဆေးဆောင်ရွက်ကာ ကျောက်တံခါးမြို့မရဲစ
ခန်းမှယာဉ်(ပ)၉/၂၀၁၇ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/၃၃၈ဖြင့် ယာဉ်မောင်းဇော်မင်းထွန်းအားအမူဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျောက်တံခါးမြို့ တွင် ဆိုင်ကယ်အား ၁၂ဘီးကုန်တင်ယာဉ် ဝင်ရောက်တိုက်
Reviewed by THITHTOOLWIN
on
19:29
Rating:
