![]() |
ထားဝယ်မြို့ နယ်၊ ညောင်ရမ်းတောင်ရပ်၊ မေတ္တာလမ်းသွယ်တွင် ဇရပ်တစ်ဆောင်မီးလောင်မှုဖြစ်ပွား |
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ နယ်၊ညောင်ရမ်းတောင်ရပ်၊ မေတ္တာလမ်းသွယ်၊ညောင်ရမ်းရိပ်သာအတွင်းဇရပ်တစ်ဆောင် ဇန်န၀ါရီ ၄ ရက်နေ့ နံနက် ၀၈း၄၀နာရီအချိန်၌မီးလောင်မှုဖြစ်ပွားကြောင်းသိရှိရသည်။
ဖြစ်စဉ်တွင်ညောင်ရမ်းရိပ်သာအတွင်းသီတင်းသုံးနေထိုင်သောဥူးစန္ဒိမာ ၊ ၈၇ နှစ် ၊ ၀ါ ၁၇ (စိတ်မှုမမှန်)သည် ဘုရားစင်ဖယောင်းတိုင်မီးပူဇော်ထားရာမှအပြင်ထွက် ဆွမ်းခံသွားရာမီးလောင်မှုဖြစ်ပွားပြီးမီးလောင်ကျွမ်းရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးဦးသန်းထွဋ်ဦး ၊ထားဝယ်ခရိုင်မီးသတ်ဦးစီးမှူးဦးသိန်းဇော်ဝင်း ပါ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင် (၃+၁၅)ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ ဦးသန်းနိုင်ဦးစီး( ၁+၁၅ )ဦး၊မီးသတ်ယာဉ်(၃)စီး၊မီးသတ်ရေသယ်ယာဉ်( ၁ )စီးအုပ်ချုပ်မှုယာဉ်( ၁ )စီးနှင့်အတူမြို့ နယ်ရဲမှူးယာယီရဲမှူးဌေးဝင်းဦးစီးသောရဲတပ်ဖွဲ့ ဝင်( ၁၀ )ဦး ၊ ဒေသခံ ပြည်သူများဝိုင်းဝန်းငြိမ်းသတ်ရာ၀၈း၅၀ နာရီအချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုတွင်၃ပေ ပတ်လည်မြေစိုက်(နှစ်ထပ်) သွပ်မိုးဇရပ် ၊ဖြစ်ပြီှးဆုံးရှုံးမှုတန်ဖိုးမှာ ( ၁၁၂၅၀၀)ကျပ်ခန့် ဖြစ်၍မီးသတ်ဦးစီးဌာန မှ တိုင်စာဖြင့်လာရောက်တိုင်ကြားပါကအမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်ဦးစီးဌာန)
ပေးပို့ သူ-ဦးကျော်ကျော်လတ်(ထားဝယ်ခရိုင်ပြန်/ဆက်ဦးစီးဌာန)
https://www.facebook.com/MYANMAALINNNEWS/
ဇရပ်တစ်ဆောင် မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:32
Rating:
