မိုးညှင်းမြို့ တွင် ရွှေကချင်မော်တော်ယာဉ်မှ ဆိုင်ကယ်စီးနင်းသူအား နောက်မှဝင်တိုက်မိမှုဖြစ်ပွား


မိုးညှင်း ဖေဖေါ်ဝါရီ ၂၀

ကချင်ပြည်နယ် မိုးညှင်းမြို့ တွင် မြစ်ကြီးနား - မန္တလေး ပြေးဆွဲနေသော ရွှေကချင်မော်တော်ယာဉ်မှ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသမီးအား နောက်မှ ဝင်တိုက်မိမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်ပွါးပုံမှာ ဖေဖေါ်ဝါရီလ(၁၉)ရက်နေ့ ညနေ(၄) နာရီ(၄၅)မိနစ် အချိန်တွင် မြစ်ကြီးနားမြို့ မှမန္တလေးဘက်သို့ ယာဉ်မောင်းဦးစံမြင့်သန်းမောင်းနှင်လာသော ရွှေကချင်မော်တော်ယာဉ်အသင်းယာဉ်အမှတ် YGN(1G/3065)SCANIA BUG သည် မိုးညှင်းမြို့ တွင်းနားခါရပ်ကွက် လပ်ကီးရွှေဆိုင်ရှေ့ အနီးတွင်ရှေ့ မှ ဒေါ်နန်းမွှေးမွှေးသန်း ရေလည်ကျွန်းရပ် မိုးညှင်းမြို့ စီးနင်းနေသော JIALING စူပါကပ်အစိမ်းရောင်အား နောက်မှဝင်တိုက်မိခဲ့သည် ။


ထိုသို့ တိုက်မိခဲ့သဖြင့် စူပါကပ်ဆိုင်ကယ်မှာ ကားအောက်ရောက်သွားပြီး ဒေါ်နန်းမွှေးမွှေးသန်းတွင်ဝဲဘက်ခြေခုံစုတ်ပြဲဒဏ်ရာ ၊ နဖူးတွင်ဖုယောင်ပွန်းပဲ့ဒဏ်ရာ၊ ဝဲယာပါးနှစ်ဖက်တွင်ပွန်းပဲ့ဒဏ်ရာ၊ မေးစေ့တွင်ပွန်းပဲ့ဒဏ်ရာများရရှိကာ မိုးညှင်းခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူခဲ့ရသည်။(ပုံ)

အခင်းဖြစ်ပွါးရာသို့ မိုးညှင်းမြို့ အမှတ်(၁၀၁)ယာဉ်ထိန်းရဲတပ်စုမှူးဒုတိယရဲမှူးမြင့်မိုးနှင့်တပ်ဖွဲ့ ဝင်များ၊ သက်သေများအဖြစ် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်းယာဉ်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌဦးနေဝင်းနှင့် ကော်မတီဝင်များသွားရောက် ကြည့်ရှု စစ်ဆေးကာ ဒုတိယရဲမှူးမြင့်မိုးမှတရားလိုပြု လုပ်အမှု ဖွင့်လှစ်ခဲ့သည်။

ထို့ ကြောင့်မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူဦးစံမြင့်သန်း(၄၃)နှစ်(ဘ)ဦးကျောက်စိန်း မညန(နို င်)၀၈၁၉၄၈ အမှတ်(၈၉)မြို့ မရပ်ကွက် မိုးညှင်းမြို့ နေထိုင်သူအား မိုးညှင်းမြို့ မရဲစခန်းမှ အမှုဖွင့် ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သိရသည်။

ကိုမင်း(အင်းတော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးညှင်းမြို့ တွင် ရွှေကချင်မော်တော်ယာဉ်မှ ဆိုင်ကယ်စီးနင်းသူအား နောက်မှဝင်တိုက်မိမှုဖြစ်ပွား မိုးညှင်းမြို့ တွင် ရွှေကချင်မော်တော်ယာဉ်မှ ဆိုင်ကယ်စီးနင်းသူအား နောက်မှဝင်တိုက်မိမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.