ဘားအံ ဖေဖော်ဝါရီ ၂၃
ကရင်ပြည်နယ် ဘားအံမြို့နယ် ဇွဲကပင် တောင်ကေဘယ်တိုင် အနီးတွင် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၈ နာရီခွဲ ခန့်တွင် ခရီးဆောင်အိတ်တစ်လုံးတွေ့ရှိ ကြောင်း ဇွဲကပင်တောင်ပေါ်ဆရာတော် ဦးကဝိဓဇက ဖုန်းဖြင့်မိန့်ကြားခဲ့၍ ထုံး အိုင်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ညီညီမိုးနှင့် အဖွဲ့ သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါ တွေ့ရှိရသည့် အိတ်မှာ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီခန့်က ဇွဲကပင်တောင်၏ အမြင့်ဆုံးနေရာ ပေပေါင်း ၂၇၃ဝ ကျော်မြင့်သည့် ဓမ္မ စေတီနေရာအနီး၊ အများသုံး အိမ်သာ ခေါင်မိုးပေါ်မှ ခုန်ချသဖြင့် သေဆုံး သွားခဲ့သည့် ပြင်သစ်နိုင်ငံသား၏ ခရီး ဆောင်အိတ်ဖြစ်ကြောင်း သိရ သည်။
ခရီးဆောင်အိတ်အတွင်းမှ Mr. Yannick Normandin အမည် ပါပတ်စ်ပို့နံပါတ်16CA34564 နံပါတ် ပါ ပတ်စ်ပို့စာအုပ်၊ ID ကတ်၊ တစ်ကတ်၊ ငွေထုတ်ကတ်တစ်ကတ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့စွဲပါ ရန်ကုန် လေဆိပ်ရောက် E Visa စာရွက် တစ်ရွက်၊ မလေးရှားလေကြောင်းလိုင်းက ထုတ်ပေးသည့် စာရွက်တစ်ရွက်၊ မလေး ရှား လေကြောင်းလိုင်း လေယာဉ် လက်မှတ်တစ်စောင်၊ မြန်မာငွေကျပ် တစ်သောင်းတန် ၄၇ရွက် အပြင် ဖုန်းနံ ပါတ်၊ လိပ်စာကတ်များ၊ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်း အချို့ကို တွေ့ရှိ ခဲ့ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံသား ရုပ်အလောင်း အား ရဲဆေးစာဖြင့် ဘားအံပြည်သူ့ဆေး ရုံကြီးရှိရေခဲတိုက်၌ ထားရှိရာ ဖေဖော် ဝါရီ ၂၅ ရက်တွင် ပြင်သစ်သံရုံးမှ စေလွှတ် မည့်ကိုယ်စားလှယ်ဖြစ်သူ ကိုစံလင်းကလာရောက်သယ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
မင်းသူ / ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဇွဲကပင်တောင်ပေါ်မှ ခုန်ချသော ပြင်သစ်နိုင်ငံသား၏ ခရီးဆောင်အိတ်တွေ့ရှိ
Reviewed by THITHTOOLWIN
on
08:35
Rating:
