![]() |
ဝါတာကိုလာရေပူရေအေးစက်မှ အပူလွန်ကဲပြီး မီးလောင်ကျွမ်း |
ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၄ နာရီခွဲခန့်က ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဟန်းတဲကျေးရွာအုပ်စု၊ ဖန်းခါးကုန်းကျေးရွာရှိ တပ်ဦးဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင် (ကျောင်းဇရပ်) တွင် အသုံးပြုသည့် ဝါတာကိုလာ (ရေပူ/ရေအေးစက်) မှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့သည်။
မီးလောင်ကျွမ်းရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းခိုင်နှင့် သန္ဓေမီးသတ် တပ်ဖွဲ့ (၂၅) ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၂ဝ)ဦး၊ ဗန်းမော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သက်ထွန်းနှင့်မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဝေမြင့် ဦးစီးတပ်ဖွဲ့ဝင်များ၊ ဟန်းတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် ကျေးရွာသူကျေးရွာသားများ စုစုပေါင်း (၈ဝ) ဦးတို့က မီးသတ်ရေယာဉ် (၉) စီးဖြင့် သွားရောက်မီးငြိမ်းသတ် ခဲ့ရာ နံနက် ၄ နာရီ ၄၅ မိနစ်တွင် မီးညွှန့်ကျိုးသွားခဲ့ပြီး နံနက် ၅ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုမှာ ဆွမ်းစားဆောင်ကျောင်းဇရပ်တွင် အသုံးပြုသည့် ဝါတာကိုလာ (ရေပူရေအေးစက်) မှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ မှတဆင့် ဘုန်းတော်ကြီးကျောင်းမကြီး နှစ်ထပ်မြေစိုက်၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၁) ဆောင်၊ ဆွမ်းစားဆောင် (ဇရပ်) တစ်ထပ်၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၁) ဆောင်၊ ဘုန်းတော်ကြီးကျောင်းနှင့် ကပ်လျှက်ရှိသည့် ဦးမောင်အေး (၃) ခန်း (၂) ခန်း ပျဉ်ကာ၊ သွပ်မိုးနေအိမ်တို့အား ဆက်တိုက်မီးကူးစက် လောင်ကျွမ်းခဲ့သည်။ မီးလောင်ကျွမ်း မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဗန်းမော်မြို့ တပ်ဦးဘုန်းတော်ကြီးကျောင်း မီးလောင်ကျွမ်း
Reviewed by THITHTOOLWIN
on
18:46
Rating:
