၂၀၁၇ခုနှစ်​ ကြားဖြတ်​​ရွေး​ကောက်​ပွဲ မဲဆန္ဒရှင်​စာရင်းများ စတင်​ကပ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂

၂၀၁၇ ခုနှစ် ဧပြီလ (၁)ရက်​​နေ့တွင်​ ကျင်းပမည့်​ ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ မဲဆန္ဒရှင်​စာရင်း​များကို ဖေ​ဖော်​ဝါရီ လ(၂)ရက်​​နေ့တွင်​စတင်​ပြီး​သက်​ဆိုင်​ရာရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူးရုံး​များတွင် ကပ်​ထား​လျက်ရှိနေပြီဖြစ်သည်။

ဒဂုံမြို့ သစ်​ဆိပ်​ကမ်းမြို့နယ်​နှင့်​ ဒဂုံမြို့သစ်​အ​ရှေ့ပိုင်းမြို့နယ်​များတွင် ယ​နေ့မဲစာရင်းပထမဆုံးကပ်​သည့်​​နေ့၌ အချို့ ရပ်​ကွက်​​များတွင်​ပြည်​သူလူထု အနည်းငယ်​သာ မနက်​ပိုင်းတွင်​လာ​ရောက်​ကြည့်​ရှုကြပြီး အချို့ရပ်​ကွက်​​များတွင်​လာ​ရောက်​ကြည့်​ရှုသူမရှိ​သေး​ကြောင်းသိရသည်။
"ကျွန်​​တော်​တို့ အသံချဲ့စက်​နဲ့မ​နေ့ညကလဲ​အော်​​ပေးတယ်​ခင်​ဗျ၊၊ မနေ့ညက​တော့ရပ်​ကွက်​ထဲကို​ပေါ့​နော်​အနီးစပ်​ဆုံးလမ်းဝင်​လမ်းထွက်​​ကောင်းတဲ့​နေရာ​လေး​တွေမှာ စက်​နဲ့​အော်​​ပေးတယ်​ခင်​ဗျ ၊ ​နောက်​တစ်​ခါဒီမနက်​က​တော့ရုံးမှာပဲ​ပေါ့ ရုံးက​နေပဲအသံချဲ့စက်​နဲ့လှမ်း​အော်​​ပေးတယ်​ခင်​ဗျ ၊ကျန်​တဲ့ဟာက​တော့ ရာအိမ်​မှူး၊ ဆယ်​အိမ်​မှူး​တွေက​နေတစ်​ဆင့်​ပြည်​သူ​တွေသိ​အောင်​လို့​ပေါ့​​နော်​​ပြောထားတာ​လောက်​ပဲရှိပါတယ်​" ဟု ဒဂုံမြို့သစ်​ အ​ရှေ့ပိုင်းမြို့နယ်​ (၁၀၈)ရပ်ကွက်​ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသန့်​ဇင်​ဦးက​ပြောသည်​။


မဲစာရင်းများကို ဖေ​ဖော်​ဝါရီလ (၁)​ရက်​​နေ့မှ ​ဖေ​ဖော်​ဝါရီလ(၁၄)ရက်​​နေ့ထိကပ်​ထားမည်​ဖြစ်​သည်​။

၂၀၁၇ ခုနစ်​ ကြားဖြတ်ရွေး​ကောက်​ပွဲ အတွက်​ လစ်​လပ်​​နေရာ (၁၉)​နေရာရှိပြီး နိုင်​ငံ​ရေးပါတီ (၂၄) ပါတီမှ ကိုယ်​စားလှယ်​​လောင်း(၈၈)ဦး၊တသီးပုဂ္ဂလ ကိုယ်​စားလှယ်​​လောင်း(၇)ဦး စုစု​ပေါင်း (၉၅)ဦး​၀င်​​ရောက်​ယှဉ်​ပြိုင်​မည်​ဖြစ်​သည်​။

ဓာတ်ပုံ / သန့်ဇင်ထွန်း (Social Watch)
သန့်ဇင်ထွန်း (Social Watch)
Central News Myanmar
https://www.facebook.com/CNMyanmar/

၂၀၁၇ခုနှစ်​ ကြားဖြတ်​​ရွေး​ကောက်​ပွဲ မဲဆန္ဒရှင်​စာရင်းများ စတင်​ကပ်​  ၂၀၁၇ခုနှစ်​ ကြားဖြတ်​​ရွေး​ကောက်​ပွဲ မဲဆန္ဒရှင်​စာရင်းများ စတင်​ကပ်​ Reviewed by THITHTOOLWIN on 12:03 Rating: 5
Powered by Blogger.