ဆိတ်ပျောက်ရှာသည့် သားအဖ မိုင်းနင်းမိ၊ သားဖြစ်သူနေရာတွင်ပင်သေဆုံး

သီပေါဆေးရုံသို့ရောက်ရှိလာသည့် ဦးစံပို။ PHOTO -AHN
သီပေါ၊ဖေဖော်ဝါရီ ၆ ။

ဖေဖော်ဝါရီလ ( ၅) ရက်ညနေ ၆း၄၀ ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊ အနောက်မြောက်ဘက်၊ မိုင် ( ၃၀) ခန့်အကွာရှိ၊ ကွန်ဟောက်တောင်ရွာတွင် ပျောက်ဆုံးနေသော ဆိတ်အား ရှာဖွေနေသည့် အသက် (၃၂) အရွယ် လူငယ်တစ်ဦး မိုင်းနင်းမိ၍ နေရာတွင်ပင်သေဆုံးသွားခဲ့ကြောင်း သီပေါမြို့မရဲစခန်းမှ ရဲအုပ်အောင်မျိုးဝင်းက ဖေဖော်ဝါရီလ (၆) ရက်တွင် AHN သို့ပြောသည်။

“မနေ့(ဖေဖော်ဝါရီ ၅) ညနေ ၆ နာရီ၄၀လောက်က ကွန်ဟောက်ရွာတောင်ဘက် ၂မိုင်ခန့်အကွာမှာ သား အဖ နှစ်ယောက်ဆိတ်ပျောက်တာကိုလိုက်ရှာရင်းမိုင်းနင်းမိလို့ သားဖြစ်သူ အိုက်အောင်( ၃၂) နှစ်က နေရာမှာပဲသေဆုံးခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဦးစံပို( ၅၅ )နှစ်ကတော့ ညာဘက်ပေါက်ရင်းမှာ ဒဏ်ရာရလို့ သီပေါဆေးရုံမှာ အတွင်းလူနာအဖြစ်တက်ရောက်ကုသနေပါတယ်။ သေဆုံးဒဏ်ရာ ရတဲ့သူတွေကို ၀မ်းမော(သီပေါ) ကားနဲ့ သွားရောက်ခေါ်ယူခဲ့တာဖြစ်ပါတယ်”ဟု၎င်းကပြောသည်။

“ဆေးရုံရောက်လာတဲ့ ဦးစံပိုကို သီပေါမှာရှိတဲ့ လူမှုရေးအသင်းတွေကကူညီပေးနေပါတယ် “ ဟု သီပေါမြို့ခံတစ်ဦးကပြောသည်။

သွင်( သီပေါ)
The Asia Heart News
ဆိတ်ပျောက်ရှာသည့် သားအဖ မိုင်းနင်းမိ၊ သားဖြစ်သူနေရာတွင်ပင်သေဆုံး  ဆိတ်ပျောက်ရှာသည့် သားအဖ မိုင်းနင်းမိ၊ သားဖြစ်သူနေရာတွင်ပင်သေဆုံး Reviewed by THITHTOOLWIN on 18:08 Rating: 5
Powered by Blogger.