![]() |
တူရကီ အရှေ့ပိုင်းတွင် ဘတ်စ်ကား နှစ်စီးတိုက်မိမှု မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ) |
တူရကီနိုင်ငံ အရှေ့ဘက် Igdir ပြည်နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက်က ဘတ်စ်ကား ၂စီးခေါင်းချင်းဆိုင် တိုက်မိရာ လူ ၈ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၂၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းရုပ်သံလိုင်း CNNTurk က ဖော်ပြခဲ့သည်။
ယာဉ်မတော်တဆဖြစ်မှု သည် Igdir ပြည်နယ် Aralik ဒေသ နှင့် အဇာဘိုင်ဂျန်နိုင်ငံ အနီးရှိ Dilucu နယ်စပ်ဂိတ် အား ဆက်သွယ်ထားသော အဝေးပြေးလမ်းမပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
![]() |
တူရကီ အရှေ့ပိုင်းတွင် ဘတ်စ်ကား နှစ်စီးတိုက်မိမှု မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ) |
ကားဒရိုင်ဘာ ၂ဦးစလုံး နှင့် တူရကီနိုင်ငံသား ၁ဦး၊ အဇာဘိုင်ဂျန်နိုင်ငံသား ၅ဦး ပါဝင်သည့် ခရီးသည် ၆ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများစုမှာ အဇာဘိုင်ဂျန်နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။
ဘတ်စ်ကားများအတွင်း လူများ ပိတ်မိနေစဉ်မှစ၍ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
(Xinhua)
http://xinhuamyanmar.com
တူရကီ အရှေ့ပိုင်းတွင် ဘတ်စ်ကား နှစ်စီးတိုက်မိမှုကြောင့် လူ၈ဦးသေဆုံး၊ ၂၈ဦးဒဏ်ရာရှိ
Reviewed by THITHTOOLWIN
on
16:41
Rating:
