ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နောင်နောင် အား မူးယစ်ဆေးဝါးမှုဖြင့်ဖမ်းစီး


ဖေဖော်ဝါရီလ ၁၈ ရက်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း ၊ ၈၆ လမ်း ၈၇ လမ်းကြား သီရိဟေမာအရှေ့ရပ်ကွက် ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးခြံဝင်းနေ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နောင်နောင် (ခ) ဇော်မျိုးနောင် အား ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မူးယစ်ဆေးဝါးမှုဖြင့် မူးယစ်တပ်ဖွဲ့စု (၁၇) က ဖမ်းစီးခဲ့သည် ။

အမှုဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၁၇) မှ တာဝန်ရှိသူများ နှင့် သက်သေများ ပူးပေါင်း၍ နောင်နောင် (ခ)ဇော်မျိုးနောင် ၏ အိပ်ခန်းအတွင်း ဝင်ရောက်ရှာဖွေရာ အလျား (၁၂) လက်မ ၊ အနံ (၈) လက်မ ၊ အမြင့် (၆) လက်မရှိအစိမ်းရောင် သံသေတ္တာအတွင်း မှ အနက်ရောင် ဇစ်ပိုမီးခြစ်ဗူးအတွင်း အပြာရောင် ကပ်ခွာအိတ်ဖြင့်ထည့်လျှက် 88 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၄၀) ပြား ၊ အလေးချိန် (၁၄) ဂရမ် ၊ အမြင့် (၃) လက်မ ၊ အချင်း (၂) လက်မခန့်ရှိ အဝါရာင်အဖုံးပါ ကော်သွားကြားထိုးတံဘူး အတွင်း ထည့်လျက် ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့် (၂) ဂရမ်ခန့်ပါ(၁)ဗူး ၊ Earth စာတန်းပါ လိမ္မော်ရောင်ကဒ်ထူဘူးအတွင်း အဖြူရောင်ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်လျက် မက်သာအက်ဖက်တမင်း ဟိုက်ဒရိုကလိုရိုက်ပုံဆောင်ခဲ(အိုက်စ်) (၀.၈)ဂရမ်ပါတစ်ဗူး ၊ ရေသန့်ဗူးခွန်အား အပေါက်ဖောက်ပိုက်တက်ထားသည့် စိတ်ကြွဆေးပြားသုံးစွဲထားသည့်ကိရိယာတစ်ခု စသည်တို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဥပဒေ ပုဒ်မ-၁၅/၁၉(က)/၂၁ ဖြင့် အမှတ်(၆)ရဲစခန်းတွင်အမှုဖွင့်နိုင်ရေးဆောင်ရွက်လျက်ရှိသည် ။

ကိုနိုင်
Mandalay News
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နောင်နောင် အား မူးယစ်ဆေးဝါးမှုဖြင့်ဖမ်းစီး ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နောင်နောင် အား မူးယစ်ဆေးဝါးမှုဖြင့်ဖမ်းစီး Reviewed by THITHTOOLWIN on 18:45 Rating: 5
Powered by Blogger.