မိုးညှင်းမြို့နယ်တွင် သစ်ဝါးခုတ်ရန်နှင့် သားကောင်ကိုင်းထောင်ရန်သွားစဉ် တောင်ပေါ်၌ နင်းမိုင်းမိ၍သေဆုံး
မိုးညှင်း ဖေဖေါ်ဝါရီ ၂၀
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တောင်သူတစ်ဦးသည် သစ်ဝါးခုတ်ရန်နှင့် သားကောင်ကိုင်းထောင်ရန်သွားစဉ် တောင်ပေါ်၌ မိုင်းနင်းမိသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖေါ်ဝါရီ ၁၉ရက် ၀၉၀၀ နာရီအချိန်က မိုးညှင်းမြို့နယ် ရွာသစ်ကုန်း ကျေးရွာအုပ်စု ထန်းတပင်ကျေးရွာ အရှေ့မြောက် ဘက်(ရဲစခန်းမှ ၁၀မိုင်ခန့်အကွာ)ကျောက်ဖြူ တောင်ပေါ်၌ မိုးညှင်းမြို့ အရှေ့စုရပ်ကွက် နောင်စွန်းအောက်ချိုင့်ရပ်နေ ကျော်ထွေး(ခ) မောင်ပြုံး ၄၃နှစ်(ဘ)ဦးမြမောင်ကြီး ရှမ်းဗမာ တောင်သူလုပ်ကိုင်သူသည် သစ်ဝါးခုတ်ရန်နှင့် သားကောင်ကိုင်းထောင်ရန်သွားစဉ် မိုင်းနင်းမိသဖြင့် ၎င်းတွင်ပါလာသော ဖုန်းဖြင့် သူငယ်ချင်းဖြစ်သူ ဝင်းရွှေ (အောင်သပြေရပ်ကွက်နေထိုင်သူ)ထံသို့ အကြောင်းကြားခဲ့ကြောင်း ဝင်းရွှေမှတဆင့် ကျော်ထွေး၏ အကိုရင်းဖြစ်သူ ကိုကျော်မြင့်ထံ အကြောင်းကြားခဲ့သဖြင့် ၀၉၃၀ နာရီအချိန်တွင် ကိုကျော်မြင့်နှင့် ဆွေမျိုးသူငယ်ချင်းများက အခင်းဖြစ်နေရာသို့ရောက်ရှိခဲ့ရာ ကျော်ထွေးမှာ အသက်မရှိတော့ကြောင်းတွေ့ရှိရသဖြင့် သယ်ဆောင်ခဲ့ပြီး မိုးညှင်းပြည်သူ့ဆေးရုံသို့ အဆိုပါနေ့ ၁၇၄၅ နာရီအချိန်တွင်ရောက်ရှိခဲ့ကြောင်း သိရပါသည်။
မိုင်းနင်းမိသူကျော်ထွေးမှာ ယာဖက်ခြေသလုံးကြွက်သား၌(၀.၃)လက်မခန့် ဖောက်ဝင်ပေါက်ပြဲဒဏ်ရာ(၃)ချက် ဝဲပေါင်အပြင် ဘက်(၀.၃)လက်မခန့် ဖောက်ဝင်ပေါက်ပြဲ ဒဏ်ရာ(၂)ချက် ဝဲဘက်ပေါင်အတွင်း၌ ဖောက်ဝင်ပေါက်ပြဲဒဏ်ရာ(၂)ချက် ဝဲဘက်ပေါင် အရင်းအနောက်ဖက်ခြမ်း၌(၃)လက်မခန့် စုတ်ပြဲဒဏ်ရာ(၁)ချက် တို့ရှိခဲ့ကြောင်းတွေ့ရ သည် ။ ဖြစ်စဉ်နှင့်ပါတ်သက်၍ မိုးညှင်းရဲစခန်းက ဆက်လက်စုံစမ်း စစ်ဆေးဆောင်ရွက်လျက် ရှိ ကြောင်းသိရသည် ။
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးညှင်းမြို့နယ်တွင် သစ်ဝါးခုတ်ရန်နှင့် သားကောင်ကိုင်းထောင်ရန်သွားစဉ် တောင်ပေါ်၌ နင်းမိုင်းမိ၍သေဆုံး
Reviewed by THITHTOOLWIN
on
08:07
Rating:
