၂၀၁၆ ခုနှစ်အတွင်း လူသတ်မှု ၁၃၀၀ ကျော်ရှိ

( ဓါတ်ပုံ - ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြည်သူ့လွှတ်တော်မှာ မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ် )
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အမှုကြီးဆယ်မျိုးထဲမှာ လူသတ်မှုက အများဆုံးဖြစ်ပြီး အမှုပေါင်း ၁၃၀၀ ကျော်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။

လှိုင်းဘွဲ့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို မေးမြန်းတဲ့ ပြီးပြတ်မှုမရှိဘဲ ကျန်ရှိနေတဲ့အမှုများရဲ့ အဓိကအခက်အခဲနဲ့ မှုခင်းကျဆင်းရေး အထူးစီမံချက်များ ရေးဆွဲရန် အစီအစီအစဉ်ရှိ မရှိ မေးခွန်းကို ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာစံနှုန်းတွေအရ ရဲနဲ့ပြည်သူအချိုးမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ ပြည်သူ ၄၀၀ နဲ့ ညီမျှတဲ့ အင်အားရှိရမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ ရဲနဲ့ပြည်သူအချိုးဟာ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ပြည်သူ ၆၀၀ လောက်အထိ တာဝန်ယူနေရကြောင်း ဒါ့ကြောင့် လူဦးရေ ၅၁ သန်းနဲ့ တွက်မယ်ဆိုရင် ရဲတပ်ဖွဲ့ဝင် အင်အား တစ်သိန်းနှစ်သောင်းခုနှစ်ထောင်ကျော် ရှိရမှာဖြစ်လို့ ရဲတပ်ဖွဲ့ဝင်အင်အား ထပ်မံတိုးမြှင့်ရေးအတွက် လုပ်ဆောင်သွားမယ်လို့လည်း ဗိုလ်ချုပ်အောင်စိုးက ဖြေကြားသွားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
၂၀၁၆ ခုနှစ်အတွင်း လူသတ်မှု ၁၃၀၀ ကျော်ရှိ ၂၀၁၆ ခုနှစ်အတွင်း လူသတ်မှု ၁၃၀၀ ကျော်ရှိ Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.