ဇန်နဝါရီ ၁၁
တနိုင်းမြို့နယ်၊ထန်ပလမ်းပယင်းမှော်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက ပယင်းရှာဖွေသူများဖြစ်ကြသော ကိုအောင်ဆန်း၊ကိုယော်ဆန့်နှင့် ဦးတန်ဂွန်းတို့သုံးဦးသည် ထန်ပလမ်းပယင်းမှော်တွင် ပယင်းရှာဖွေနေစဉ် မိုင်းတစ်လုံးအား နင်းမိရာမှ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အမည်မဖော်လိုသူဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား တနိုင်းဆေးရုံကြီးမှတဆင့် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့ရန် စီစဉ်နေသည်ဟုကြားသိရကြောင်း အဆိုပါ ဒေသခံကဖြည့်စွက်ပြောကြားခဲ့သည်။
ဝေဖြိုးအောင်
Photo by Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
ထန်ပလမ်းပယင်း မှော် မြေမြှုပ်မိုင်းနင်းမိ လူ၃ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
21:09
Rating:
