ဂွမြို့နယ် ပင်လယ်ကမ်းခြေ စက်လှေ တစ်စီးတွင် ဘင်္ဂါလီများ ၉ ဦးနှင့် အစားအစာပြတ်လပ်၍ သေဆုံးသူ တစ်ဦးတွေ့ရှိ


စစ်တွေ၊ ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ် ဂွမြို့နယ် ဆပ်သွားကျေးရွာ ပင်လယ် ကမ်းခြေ အနီးရှိ စက်လှေ တစ်စီးပေါ်တွင် ဘင်္ဂလီ ၉ ဦးနှင့် အစာရေစာ ပြတ်လပ်၍ သေဆုံးနေသူ ဘင်္ဂလီ တစ်ဦးကို ယနေ့နေ့လယ် ၃ နာရီခန့်က တွေရှိ ခဲ့ကြောင်း ဆပ်သွားကျေးရွာ ရဲစခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံမှ သိရသည်။

ဂွမြို့နယ် ဆပ်သွားကျေးရွာအနီးရှိ ကမ်းခြေသို့ဆိုက်ကပ်လာသည့်စက်လှေတစ်စီးအား မသင်္ကာ၍ ရဲတပ်ဖွဲ့၊ လဝကနှင့်ဒေသခံများသွားရောက်စစ်ဆေးရာ စက်လှေပေါ်တွင် ဘင်္ဂါလီအမျိုးသား (၉)ဦးနှင့် အစာငတ်ပြတ်၍ သေနေပြီးဖြစ်သည့်ဘင်္ဂါလီအမျိုးသား အလောင်း(၁)လောင်းတို့အား တွေ့ရှိခဲ့သည်ဟု ဆပ်သွားကျေးရွာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

"မြန်မာစကားတစ်ယောက်မှ မတတ်တော့ ဘယ်က လာပြီး ဘယ်ကိုသွားတယ်ဆိုတာ မသိရဘူးဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလာတယ်လို့တော့ ခန့်မှန်းမိပါတယ်"ဟု အထက်ပါတာဝန်ရှိသူကေ ပြာသည်။


အဆိုပါဘင်္ဂါလီများအား မြို့နယ်ရဲ၊ ခရိုင်ရဲနှင့် လဝကတို့ဦးဆောင်ကာ ဂွမြို့သို့ခေါ်ဆောင်သွားသည်ဟုလည်း ဒေသခံများက ပြောသည်။

"လုံခြုံမှုမရှိဘူးပေါ့။ ညဘက်အချိန်ဆိုမလွယ်ဘူး။ နေ့လယ် သုံးနာရီလောက်အချိန် ပြည်သူတွေသတိရှိလို့ ခု လိုသိရတာ။ ဒေသအတွက် အန္တရာယ်ရှိတာပေါ့ဗျာ"ဟု ဆပ်သွားကျေးရွာဒေသခံ ကိုရဲမင်းဦးက နိရဉ္စရာသို့ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဂွမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းအား နိရဉ္စရာသတင်းဌာနက ဆက်သွယ်ရာ သူက ဘင်္ဂါလီများကို စုံစမ်းစစ်ဆေးခြင်းမပြုလုပ်ရသေး၍ မည်သို့ဆက်လုပ်မည်ဆိုသည်ကို ပြောရန်ခက်ခဲသည်ဟု ဆိုသည်။

မာန်ယုကျော် (ရွှေဝမြေ)
ဓာတ်ပုံ - ရဲမင်းဦး
Narinjara
https://www.facebook.com/Narinjara
ဂွမြို့နယ် ပင်လယ်ကမ်းခြေ စက်လှေ တစ်စီးတွင် ဘင်္ဂါလီများ ၉ ဦးနှင့် အစားအစာပြတ်လပ်၍ သေဆုံးသူ တစ်ဦးတွေ့ရှိ ဂွမြို့နယ် ပင်လယ်ကမ်းခြေ စက်လှေ တစ်စီးတွင် ဘင်္ဂါလီများ ၉ ဦးနှင့် အစားအစာပြတ်လပ်၍ သေဆုံးသူ တစ်ဦးတွေ့ရှိ Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.