တာမွေမြို့နယ် မလွှကုန်း ဌေးကြွယ် (က)ရပ်ကွက် ဇောတိကလမ်းနှင့် ဇဋိလလမ်းကြားရှိ နောက်ဖေးလမ်းကြားတွင် ဖေဖော်ဝါရီ ၁၂ရက် မွန်းလွဲ ၂ နာရီက ချက်ကြိုးတန်းလန်းနှင့် ဒဏ်ရာများဖြင့် စွန့်ပစ်ထားသည့် မွေးကင်းစ မိန်းကလေးငယ်မှာ သေဆုံးသွားခဲ့ကြောင်း တာမွေမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၃ ရက်တွင် The Ladies သို့ပြောသည်။
“ကလေးလေးကို ဆေးရုံကိုပို့တာပေါ့။ ပို့တဲ့အချိန်မှာ ဆုံးသွားတာပါ” ဟု တာဝန်ကျရဲအရာရှိက ပြောသည်။
နောက်ဖေးလမ်းကြားတွင် ကလေးငိုသံ ကြားသဖြင့် ထွက်ကြည့်ရာ မှ မွေးကင်းစကလေး၏ ကိုယ်တွင် ချက်ကြိုးရစ်ပတ် နေသည်ကို တွေ့ရှိ ခဲ့ရခြင်းဖြစ်ပြီး ဘေးပတ်ဝန်းကျင်မှ လူများနှင့် ရပ်ကွက်လူကြီးများက ကလေးငယ်ကို အနှီးဖြင့်ထုပ်ကာ ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ မွေးကင်းစ ကလေးငယ်သည် ချက်ကြိုးတန်းလန်းဖြင့် စွန့်ပစ်ခံရခြင်းဖြစ်ပြီး ဦးခေါင်းတွင် ဒဏ်ရာ အနည်းအငယ်နှင့် ပါးတွင် သွေးထွက်ဒဏ်ရာများ တွေ့ရှိခဲ့ရပြီး တာမွေမြို့နယ် ရဲတပ်ဖွဲ့မှ ကလေးစွန့်ပစ်သူကို ဖော်ထုတ်အရေးယူရန် စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။
ဇော်မင်းထွန်း
Photo - ထက်မြတ်မင်း Fb
The Ladies News
https://www.facebook.com/News.TheLadies/
ချက်ကြိုးတန်းလန်းဖြင့် စွန့်ပစ်ခံရသည့် မွေးကင်းစကလေးငယ်သေဆုံး
Reviewed by THITHTOOLWIN
on
17:35
Rating:
