![]() |
ဒီဥပဒေ ဖျက်သိမ်းမှု အတည် မဖြစ်မချင်း ဆန္ဒပြမှုတွေ ဆက်လုပ်သွားမယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြော |
ဒီဥပဒေကြောင့် ရိုမေးနီးယားမှာ ကွန်မြူနစ်အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း သိန်းနဲ့ချီတဲ့ အကြီးမားဆုံး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။
အခုလို ဆန္ဒပြမှုတွေကြောင့် ဝန်ကြီးချုပ် ဆိုရင် ဂရင်ဒီယာနူးက ဒီဥပဒေကို ဖျက်ပေးမယ်ဆိုပြီး စနေနေ့က ကြေညာခဲ့ပြီး မြို့တော် ဘူခါရက်က ဆန္ဒပြသူတွေကလည်း အော်ဟစ် ကြိုဆိုခဲ့ကြပါတယ်။
ဒါပေမယ့် ဒီဥပဒေ ဖျက်သိမ်းမှု အတည် မဖြစ်မချင်း ဆန္ဒပြမှုတွေ ဆက်လုပ်သွားမယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
အခုလို ဖျက်သိမ်းဖို့ လုပ်နေတဲ့ ဥပဒေအရ နိုင်ငံရေးသမားတယောက်က အမေရိကန်ဒေါ်လာ လေးသောင်း လေးထောင် အောက်ပဲ လာဘ်စားရင် ထောင်မကျဘူးတဲ့အတွက် ပြည်သူလူထုက အပြင်းအထန် ကန့်ကွက်နေတာ ဖြစ်ပါတယ်။
အစောပိုင်းမှာ ရိုမေးနီးယားအစိုးရက ထောင်တွေ လူမဆန့်ပဲ ဖြစ်နေတာကို လျှော့ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တချို့ဥပဒေတွေ ညီအောင် ညှိဖို့အတွက် ဒီဥပဒေ ပြဌာန်းဖို့လိုတယ်လို့ ဆင်ခြေပေးခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ရိုမေးနီးယားမှာ ထောင်မကျနိုင်တဲ့လာဘ်ငွေ ပြဌာန်းမှု ပြန်ဖျက်မယ်
Reviewed by THITHTOOLWIN
on
18:54
Rating:
