နတ်မြစ်အတွင်း၌ တစ်ဖက်နိုင်ငံသို့ တရားမဝင် သွားရောက်မည့် လှေတစ်စီးဖမ်းဆီးရမိ


ဖေဖော်ဝါရီ ၂၁၊၂၀၁၇

မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း တပ်မတော် (ရေ) မှ နယ်မြေလုံခြုံရေးလှည့်ကင်းဆောင်ရွက်စဉ် ဖေဖော်ဝါရီ (၂၀) ရက် ညနေ ၄ နာရီ ၄၀မိနစ် အချိန်ခန့်တွင် ရေယာဉ်၏ အနောက်မြောက်ဘက် ၃ မိုင် ခန့်အကွာ၌ တောင်မှမြောက်သို့ ခုတ်မောင်းနေသော မသင်္ကာဖွယ်ရာ စက်တပ်လှေငယ်တစ်စီးအား ဖမ်းဆီးရမိခဲ့သည်။


တစ်ဖက်နိုင်ငံသို့ တရားမဝင်သွားရောက်မည့် အဆိုပါလှေပေါ်တွင် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာနေ ကိုနီမူလာ (၃၅) နှစ် ၊ ခေါင်းတုတ်ကျေးရွာနေ အာမင်နူဟော့ (၁၈) နှစ်၊ ဖက်ကုန်း ကျေးရွာနေ စီဒီအာမောက် (၄၀) နှစ်နှင့် အကီယား (၃၅) နှစ်၊ ၀ကန်းကျေးရွာနေ နာဆဲ (၅၇) နှစ်၊ လှဆောင်ကောက်ကျေးရွာနေ ယာက်မီနာ (၁၆) နှစ် နှင့် နုရာဆီဇာ (၂) နှစ်၊ စစ်တွေမြို့နယ် သဲချောင်း ကျေးရွာနေ မာမွတ်နုလမ်း (၃၁) နှစ်၊ ပေါက်တောမြို့နယ် အနောက်ရပ်ကွက်နေ လာလူး (၂၆) နှစ်၊ ပုဏ္ဏားကျွန်းမြို့နယ် သံတက်ခါလီကျေးရွာနေ ဂျမ်ဟူဆောင် (၄၂) နှစ်၊ သာတီ ကျေးရွာနေ ဟာဒီနူလာ (၃၂) နှစ်၊ စုစုပေါင်း ၁၁ ဦး တို့အား ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ ဖမ်းဆီးရမိသူများအား စစ်တွေမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
နတ်မြစ်အတွင်း၌ တစ်ဖက်နိုင်ငံသို့ တရားမဝင် သွားရောက်မည့် လှေတစ်စီးဖမ်းဆီးရမိ  နတ်မြစ်အတွင်း၌ တစ်ဖက်နိုင်ငံသို့ တရားမဝင် သွားရောက်မည့် လှေတစ်စီးဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.