လမ်းမတော်(၁)ရပ်ကွက်ရှိ ကားဂိတ်တစ်ခုမှ ပို့ကုန်ပစ္စည်းများ မီးလောင်


ရန်ကုန် ဖေဖော်ဝါရီ ၂၁

ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်က လမ်းမတော်မြို့နယ် အမှတ် (၁)ရပ်ကွက် (၃)လမ်းထိပ်အနီး ကမ်းနား လမ်းပေါ်ရှိ တိုက်အမှတ် (၆၄ဝ)ဟောင်ကောင်နှစ်ခန်းတွဲ ရှစ်ထပ်တိုက်၊ အောက်ထပ်ကားဂိတ်တစ်ခုမှ ပို့ကုန် ပစ္စည်းများ ယာယီထားရာအခန်းအတွင်း မှ မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ မြို့နယ်စုံမှ မီးငြှိမ်း သတ်ရေးယာဉ် ၂၁ စီးနှင့်အတူ ကွပ်ကဲမှု ယာဉ်များ၊ အုပ်ချုပ်မှုယာဉ်များက လာရောက် ငြှိမ်းသတ်ပေးခဲ့ကြသည်။ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ အဆိုအရ မီးသတ်ယာဉ်များ စေလွှတ်မှုမှာ Level II အထိရှိသည်ဟု ဆိုသည်။

သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ က စွန့်စွန့်စားစား ငြှိမ်းသတ်မှုကြောင့် မီးအရှိန်ကို မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ထိန်းထား နိုင်ပြီး မွန်းလွဲ ၃ နာရီ ၅ မိနစ် တွင် စိတ်ချရသည်အထိ ငြှိမ်းသတ်ပေး နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် အောက်ထပ် အတွင်းရှိ သိုလှောင်ပစ္စည်းများ ပျက်စီး ဆုံးရှုံးခဲ့ရပြီး အပေါ်ထပ်ပါ မီးကူးစက်၍ ဆုံးရှုံးမှုရှိခဲ့သည်ဟု သိရသည်။

မီးငြှိမ်းသတ်ပြီး ညနေ ၃ နာရီ ၄၅ မိနစ်အထိ အခန်းကိုအသုံးပြုသူအား စုံစမ်းဆဲဖြစ်ပြီး မီးလောင်ရခြင်း အကြောင်းကို စိစစ်ရှာဖွေဆဲဖြစ် ကြောင်း မီးသတ်အရာရှိတစ်ဦးက ဆိုသည်။
အနောက်ပိုင်းခရိုင် မီးသတ်ဦးစီး ဌာန လက်ထောက်òန်ကြားရေးမှူး ဦးဌေးဝင်းက ''မီးလောင်တဲ့အကြောင်း ကိုတော့ သေချာအောင်စစ်ဆေးဆဲပါ။ ဖြစ်နိုင်ခြေက မီးချောင်းလည်း ထွန်းထား တဲ့လက္ခဏာရှိတယ်။ ဒါကြောင့် ဝိုင်ယာ ရှော့လား၊ ဒါမှမဟုတ် ဖယောင်းတိုင်နဲ့ အခြားထွန်းတဲ့ မီးကြောင့်လားဆိုတာ စိစစ်ဆဲပါ''ဟု ဆိုသည်။

လမ်းမတော်မြို့နယ် မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးဇော်ဝင်းက''မီးစလောင်တဲ့ အချိန်က အနီးဝန်းကျင်မှာ ကျွန်တော် ရှိနေပါတယ်။ မီးကို လူသုံးလေးယောက်က ရေပုံးနဲ့ပက်နေတယ်။ လျှပ်စစ်ကြောင့်၊ ဝိုင်ယာရှော့ကြောင့် မဟုတ်ဘူးဆိုတာ သေချာဆိုနိုင်ပါတယ်''ဟု မီဒီယာများကို ရှင်းပြခဲ့သည်။

တင်ဝင်းလေး(ကြည့်မြင်တိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လမ်းမတော်(၁)ရပ်ကွက်ရှိ ကားဂိတ်တစ်ခုမှ ပို့ကုန်ပစ္စည်းများ မီးလောင် လမ်းမတော်(၁)ရပ်ကွက်ရှိ ကားဂိတ်တစ်ခုမှ ပို့ကုန်ပစ္စည်းများ မီးလောင် Reviewed by THITHTOOLWIN on 19:06 Rating: 5
Powered by Blogger.