![]() |
အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြောထားတဲ့ ဘာသာတရားတခုက တခုထက်ပိုပြီး အခွင့်အရေးမရသင့်ဘူးဆိုတဲ့ အချက်ကို ဒီလို လူဝင်ခွင့် တားမြစ်မှုက ချိုးဖောက်နေတယ်လို့ တရားသူကြီးက ဆုံဖြတ်ခဲ့ |
ကာတာ လေကြောင်းလိုင်းကလည်း သွားမယ့် ခရီးသည်တွေကို ချက်ချင်းပို့ပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
အစောပိုင်းမှာ အမေရိကန်ပြည်ထောင်စု တရားသူကြီးတဦးက သမ္မတက အခုလို ပြည်ဝင်ခွင့် ပိတ်ပင်ထားခဲ့တဲ့ အမိန့်ကို ခေတ္တ ဆိုင်းငံ့ထားတာဖြစ်ပြီး ဒီကိစ္စအပေါ် အယူခံဝင်မယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။
အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြောထားတဲ့ ဘာသာတရားတခုက တခုထက်ပိုပြီး အခွင့်အရေးမရသင့်ဘူးဆိုတဲ့ အချက်ကို ဒီလို လူဝင်ခွင့် တားမြစ်မှုက ချိုးဖောက်နေတယ်လို့ ဆီယက်တယ်မြို့က တရားသူကြီးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူကတော့ သမ္မတဟာ နိုင်ငံတော်ကို ကာကွယ်ဖို့ လုပ်တာ ဖြစ်တဲ့အတွက် တရားဝင်တယ်လို့ တုန့်ပြန်ထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
အကောက်ခွန်ပိုင်းက အမေရိကန်ပြည်ဝင်ခွင့်ပြန်ဖွင့်
Reviewed by THITHTOOLWIN
on
19:10
Rating:
